30 C
Yangon

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို သင်္ကြန်အတက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၁၇ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို မိတ္ထီလာရှမ်းတဲ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ပြည်သူ အထိအခိုက်တော့ မရှိပါဘူး။ နေအိမ် အဆောက်အဦးတွေတော့ ပျက်ဆီးမှုရှိပါတယ်” ဟု ပြင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article