25 C
Yangon

ကျုံဒိုး-ကော့ကရိတ်လမ်းကို ပြန်ထိန်းချုပ်ရေး စစ်တပ်က ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်၊ စစ်လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှု အပါအဝင် တိုက်ပွဲများအတွင်းစစ်သား သေဆုံးမှုများပြားနေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် DKBA ဗိုလ်ဘိ ဦးဆောင်သော တပ်ဖွဲ့ကိုပါ စစ်ကူခေါ်ပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် DKBA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားနေကြောင်း၊ စစ်တပ်၏ လေကြောင်းဖြင့် မှားယွင်း ဗုံးကျဲချမှု အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တော်သားများဘက်မှ ၃၀ ခန့် သေဆုံးခဲ့ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက ကျုံဒိုး၊ အင်းကြီး၊ အုန်းတစ်ပင်၊ နွားခြံကုန်း တိုက်ပွဲ အတွင်း အထိနာ၍ ၄ ကြိမ် တပ်ပြန်ဆုတ်သွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၂၀ ခန့်သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ လေ ကြောင်းဖြင့် မှားယွင်း ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦး ကျော် သေဆုံးကာ DKBA ဗိုလိဘိ၏ လက်ထောက် ၁ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲများအတွင်း KNLA နှင့် မဟာမိတ် ပူပေါင်း အဖွဲ့ဘက်မှလည်း ရဲဘော် ၇ ဦးခန့် ကျဆုံးခဲ့ပြီး ၁၀ ဦး ကျော် ဗုံးအစ မှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းရှိ ၅ တိုင်ရွာ ဘက်သို့ အကြမ်း ဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာကြောင်း၊ ကော့ကရိတ် စကခ ၁၂ ဘက်မှလည်း ၄ တိုင်ရွာဘက်သို့ နှစ်ဖက်ညှပ်တိုက်၍ စစ်ကြောင်းထိုးဖောက်ရန် ပြင်ဆင်နေကြောင်း၊ ထို့ပြင် ကျုံဒိုးရှိ ၅၄၆ တပ်ရင်းကလည်း နွားခြံကုန်းရွာဘက်သို့ ထိုးဖောက်၍ မရသောကြောင့် ကော့ကရိတ်ဘက်မှ ၅ တိုင်ရွာဘက်ကို စစ်ကြောင်း ထိုးဖောက်ရန် အစွမ်း ကုန် ပြင်ဆင်နေကြောင်း၊ ထို့ပြင် စကခ ၁၂ နှင့် ၅၄၆ တပ်ရင်းဘက်မှလည်း လက်နက်ကြီးပစ်ကူများ၊ မစ်ဇိုင်းများဖြင့် ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းကို ပစ်ခတ် နေကြောင်း သိရှိရသည်။

အလားတူ ဘားအံမြို့ရှိ တပ်မ ၂၂ မှ ကျုံဒိုး ခမရ ၅၄၅ တပ်ရင်းသို့ နေ့စဉ် လက်နက်ခဲယမ်းများ ပို့ဆောင်နေပြီး ဇူလိုင် ၁၀ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ များကြောင့် သေဆုံးခဲ့သော စစ်ကောင်စီ တပ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို တောင်ကလေး ဆေးရုံသို့ ပို့ဆောင်နေကြောင်း သိရသည်။

လက်ရှိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရှိ ပေါ်တော်မူဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော အကြမ်း ဖက် စစ်တပ်၏ စစ်ကား ၅ စီးက အုန်းတပင်ရွာ ၊ အင်းကြီးရွာဘက်သို့ စစ် ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း၊ လတ်တလော ကော့ကရိတ်မြို့နယ်တွင် မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မြစ်ရေတက်ခြင်းတို့ကြောင့် စစ်တပ်က ပြည်သူပိုင် လှေများကို ချောဆွဲဆင့်ခေါ် ပြီး ရှေ့တန်းနေရာများသို့ စစ်ကူပေးနေကြောင်း သိရှိရသည်။

“အခု နောက်ဆုံး အခြေ အနေအရ ကတော့ ကြာအင်း DKBA ဗိုလ်ဘိအဖွဲ့ ရဲ့ ခေါင်းဆောင် ဘုန်းကြီး ကိုယ်တိုင် ကျုံဒိုး ၅၄၅ တပ်မှာ ရှိ နေပြီး ဩဂုတ်လ လမ်းပွင့် အောင် အပြီး သိမ်း ပေး ရမယ်။ သိမ်းရတဲ့ နေရာ ရွာ တွေ လမ်း တွေ အကောက်အစား ဂိတ် ထောင်ခွင့် အုပ်ချုပ်ခွင့် ရမယ်ဆိုပြီး စစ်ဆင်ရေး အရှိန်မြှင့် တိုက်ခိုင်း နေပါတယ်။ လိုတဲ့ လက်နက်ခဲယမ်း ကို တပ်မ ၂၂ က နေ့တိုင်း ပို့ ပေး နေပါ တယ်” ဟု KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article