26 C
Yangon

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့မှု နေအိမ် ၄ လုံး ပြာကျပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့မှုကြောင့် နေအိမ် ၄ လုံးကို ပြာကျပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်းယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်သား အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် စိုင်ဒူးကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထို စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ် ၃ လုံးနှင့် ဆောက်လုပ်ရေးဝင်းအတွင်းရှိ အဆောက်အအုံ ၁ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“အင်အား ၁၀၀ လောက်နဲ့ သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲကို ဝင်လာတာ ကုန်ကားတွေကို ကာဗာယူပြီး ဝင်လာတာ ရွာသူ၊ ရွာသားတွေ ရုတ်တရက်ထွက်ပြေးကြရတယ်။ ပြည်သူတွေ ဖမ်း ဆီးခံရတာ ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိဘူး” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းပြီး စားနပ်ရိက္ခာများနှင့် တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကာ ယနေ့ ညနေ ၄ နာရီခန့်တွင် စစ်ကြောင်းသည် ဂန့်ဂေါမြို့ကို ပြန်ဆုတ်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article