27 C
Yangon

ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်မှု လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ၊ တိုင်ကြားသော်လည်း ရဲက အရေးမယူဘဲ လွှတ်ပေးထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက် အုတ်လှကြီးလမ်းတွင် နာရေး ရက်လည်လုပ်နေသော အိမ်ကို လူမိုက် ပျူစောထီး ရက္ခကြီး(ခ) ကိုသိန်း ဆိုသူက အရက်မူးကာ ကားဖြင့် ဝင်တိုက်ခဲ့၍ ကလေးငယ်များ အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ရဲက ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် လူမိုက် ရက္ခကြီး ဆိုသူက နာရေးအိမ်ကို ကားဖြင့် ဝင်တိုက်ခြင်း ဖြစ်ပြီး ရက်လည် မုန့်ဟင်းခါး စားနေကြသော ကလေးငယ်များ အပါအဝင် လူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မုန့်ဟင်းခါး စားနေတဲ့ လူတွေ ကားနဲ့ ဝင်တိုက်ခံရလို့ ကလေး လူကြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ် ဆေးကုသရပါတယ် ။ ၂ ဦး စိုးရိမ်ရပါတယ်။ ရဲက မဖမ်းဘူး။ အမှန်ဆိုရင် ယာဥ်ထိန်းရဲရော နယ်ထိန်းရဲရောက လိုင်စင်မဲ့ကားကို မောင်းနှင်မှု ယာဥ်တိုက်မှုနဲ့ အရင်ဆုံး ဖမ်းဆီးရမှာ”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လူမိုက် ရက္ခကြီးမှာ အကြမ်းဖက် ရဲ၊ စစ်တပ်နှင့် ပေါင်း၍ ရပ်ကွက်နေ ပြည်သူများကို ဒုက္ခပေးနေသူ ဖြစ်ကြောင်း၊ စစ်မှုထမ်းကြေးကောက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများကို ရှာဖွေ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

“ရက္ခကြီးက CDM သမားတွေ၊ PDF တွေ ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးပေးတာ။ ပိုက်ဆံပေးလို့ ခိုင်းရင် အကုန်လုပ်ပေးတယ်။ ပိုက်ဆံပေးပြီး လူရိုက်ခိုင်းတာမျိုးပေါ့။ သူတို့က ရိုက်ပေးတယ်။ ဥက္ကဋ္ဌလည်း ဘာမှမပြောရဲဘူး။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ဆိုရင်လည်း အကုန်ကြောက်တယ်”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article