26 C
Yangon

အရာတော်မြို့နယ်၊ သစ်ချိုကုန်းရွာ စာသင်ကျောင်းအနီးကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုကုန်းရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် အရာတော်မြို့နယ်၊ သစ်ချိုကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးလေတပ်မှ တက်လားသော YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုထိခိုက်ဒဏ်ရာရသူများထဲတွင်လည်း ပြင်းထန်ဒဏ်ရာရသူများ ပါဝင်သောကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ပြီး ဒဏ်ရာအခြေအနေကို ဆက်လက် စောင့်ကြည့်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ သစ်ချိုကုန်းရွာ စာသင်ကျောင်းအနီးကို လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၁၀ ဦးကျော်လောက်ရှိတယ်။ တံတားဦးလေတပ်က တက်လာတဲ့ စစ်ခွေးတွေရဲ့ YAK-130 ဂျက်ဖိုက်တာက ဗုံးကျဲ တိုက်ခိုက်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က အရာတော်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

photo credit – ကွီး ဂ ဏန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article