30 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုး၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုး၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ် တောင်ခြမ်းရှိကျေးရွာများကို တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများက ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပဒေါင်းရွာအတွင်းကျရောက်‌ ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၂၀ ခန့်အရွယ် လူငယ် ၂ ဦး ထိမှန်ကာ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ရွှေဘိုမြို့နယ်၊ ရှားတောရွာ အရှေ့မြောက်ဘက် မနောမဟိဒ္ဓိ ဘုန်းကြီးကျောင်းမှ လက်ပန်ကုန်းရွာ ပုသိမ်ကျောင်းဘက်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကလည်း အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီးနောက် မနောမဟိဒ္ဓိ ဘုန်းကြီးကျောင်းအတွင်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရှားတောရွာနှင့် လက်ပန်ကုန်းရွာမှ ပြည်သူများ အပါအဝင် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွှေဘိုမြို့နယ်ထဲကို Y-12 လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှုရှိပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတော့ ပြည်သူ ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ မြေပြင် စစ်ခွေးစစ်ကြောင်းကလည်း ရှားတောရွာ အရှေ့မြောက်ဘက် မနောမဟိဒ္ဓိ ဘုန်းကြီးကျောင်းထဲမှာပဲရှိသေးတော့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article