27 C
Yangon

ပေါင်းတည်မြို့နယ်တွင် ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ဒုရဲအုပ် အေးမင်းထွန်းအပါအဝင် ရဲ ၂ ဦးအပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆိုင်ကယ် ၃ စီးဖြင့် ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အေးမင်းထွန်းအပါအဝင် ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ပေါင်းတည်မြို့နယ် မှတ္တိုင်အုပ်စု မှတ္တိုင်ရဲစခန်းမှ ဒုရဲအုပ်အေးမင်းထွန်းဦးစီးသော ရဲ ၅ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် တမံကြီးရွာဘက် သို့ ဂိတ်ဖွင့်စစ်ဆေးရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အေးမင်းထွန်းနှင့် နယ်ထိန်းအောင်ကျော်ထက်တို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ထိုသို့ အပြင်းအထန် ဒဏ်ရာရရှိသည့် ရဲ ၂ ဦးစလုံးကို အလုံပိတ်ကားဖြင့် ပြည်ဆေးရုံသို့ သယ်ဆောင် သွားပြီး သေဆုံးခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းရဲတပ်ဖွဲ့ဝင်များသည် တမံကြီးရွာလမ်းဆုံ ညောင်ပင်အောက်၌ ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများ ၏ ဆိုင်ကယ်များကို ဖမ်းစီးခြင်း၊ အဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ ဝယ်လာ သောစားသောက်ကုန်များ ကိုလည်း သိမ်းဆည်းခြင်း ၊ပြည်သူများကို ဖမ်းစီးငွေတောင်းခံခြင်း ၊ ငွေမပေးနိုင်ပါက ဖမ်းဆီးထောင် ချ ခြင်းတို့ ပြုလုပ်နေသော ဂိတ်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ် ရင်း တပ်ခွဲ ၄ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article