27 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သားများထိခိုက်မှုရှိကြောင်း ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံး အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်တွင် စစ်သင်္ဘောများ ရောက်ရှိနားခိုနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း စစ်သင်္ဘော ၁ စီးကို ဗုံးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သင်္ဘော ၁ စီး၏ ခေါင်းမိုးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

“ကျနော်တို့ သိရသလောက်ကတော့ စစ်ခွေး မသေဘူးလို့တော့ကြားတယ်။ ဒါပေမယ့် စစ်ခွေး ၄ ကောင်တော့ ထိခိုက် ဒဏ်ရာရတယ်။ စစ်ခွေး သင်္ဘောကတော့ ခေါင်မိုးပျက်စီးသွားတယ်။ အဲ သင်္ဘောကို စစ်ခွေးတွေက ဆိတ်ညံရေတင်ရုံး နားမှာပဲ အခုထိ ပြင်ဆင်နေတယ်လို့ သိရတယ်။ အဲ့ ၁ စီးက မထွက်နိုင်သေးဘူး” ဟု ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ၏ ဒရုန်းအဖွဲ့မှ ရဲဘော်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article