မြန်မာ နိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရန် ပုပ်ရဟန်းမင်းကြီး လီယိုက ပန်ကြားလိုက်ပြီး ဆွေးနွေးပွဲများ ပေါ်ပေါက်စေရန် ဆုတောင်းပါကြောင်း ပုပ်ရဟန်းမင်းကြီး Leo XIV က မိန့်ကြားသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ တွင် ပြုလုပ်သည့် သူတော်စင်သစ် ၇ ပါးကို ထုတ်ပြန်ကြေညာသည် ဝတ်ပြုဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး Leo XIV က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ရပ်တန့်ရန် ပန်ကြားပါကြောင်း၊ ၂၀၂၁ ခုနှစ်ကတည်း က စတင်ဖြစ်ပွားနေသည့် ပြည်တွင်း စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရန်တောင်းဆိုလိုကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသည်။
“မြန်မာပြည်မှာဖြစ်နေတဲ့ သတင်းတွေက အင်မတန် စိတ်နှလုံး ထိခိုက်ရပါတယ်။ အကြမ်းဖက်မှုတွေနဲ့ လုံခြုံမှု မရှိဘဲ အခက်အခဲများစွာကြုံတွေ့နေရသူတွေရဲ့ စိတ်ဝိညာဉ် နဲ့ တစ်ထပ်တည်းခံစားရပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး Leo XIV က ဆိုသည်။
မြန်မာနိုင်ငံတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ကြြိ့း စစ်လက်နက်မပါသော ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရေး ဆုတောင်းနေကြောင်းသူက ဆက်ပြောသည်။
“ဘုရားသခင်က ခေါင်းဆောင်အားလုံးကို တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် ဉာဏ်ပညာနဲ့ ဇွဲလုံ့လကို ပေးသနားပါစေ” ဟု ပုပ်ရဟန်းမင်းကြီး Leo XIV က မိန့်ဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




