တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှတစ်ဆင့် ထိုးစစ်ဆင် တိုက်ခိုက်နေ၍ မြိတ် -တနင်္သာရီ -ဘုတ်ပြင်းလမ်းပိုင်းသို့ ပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် ၃၅ နည်းဗျူဟာက သတိပေးချက်ထုတ်ပြန်သည်။
တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ ၃၅ နယ်မြေဖြစ်သည့် တနင်္သာရီ မြို့နယ် အတွင်း၌ အကြမ်းဖက်စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ် ပေါ်လျက်ရှိပြီး အကြမ်းဖက်စစ်ကော်မရှင်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ) နှင့် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) တို့မှ တိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမက တိုက်ပွဲဖြစ် ပွားခြင်းမရှိသည့်နေရာများကိုပါ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက် နေကြောင်း အသိပေးထားသည်။
ထိုသို့ အရပ်သားပြည်သူများအား ရည်ရွယ်ချက် ရှိရှိပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင် နေ သည့် အပြင် လမ်းများတွင် စစ်ဆေးရေးဂိတ်များ အခြေချတည်ဆောက်ကာ ခရီးသွားပြည်သူလူထု အား တရားမဲ့ စစ်ဆေးခြင်း၊ လုံခြုံရေးအကြောင်းပြ၍ ကုန်စည်ဖွင့်ဖောက်စစ်ဆေးခြင်း/သိမ်းယူခြင်း၊ လူနှင့်ကုန် စည်များအား တရားမဲ့ဖမ်းဆီးခြင်း၊ ဖြတ်သန်းခအဖြစ် (ဆက်ကြေးခွန်) မတရားကောက် ခံခြင်း၊ လူ ငယ် လူရွယ်များအား အဓမ္မဖမ်းဆီး၍ တပ်သားသစ်စုဆောင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်ကော်မရှင်တပ်က ဒေသတွင်းကားလမ်းမကြီးများမှတဆင့် စစ်ကူနှင့် ထောက်ပံ့ ဖြည့်တင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသောကြောင့် တနင်္သာရီမြို့နယ်ရှိ လတ်တလောဖြစ်ပေါ် နေသည့် စစ်ရေးအခြေအနေမှာ ပြင်းထန်မှုရှိနိုင်ကြောင်း၊ အရပ်သားပြည်သူများအနေဖြင့် အသက်အန္တရာယ် ရှိနိုင်သည်ဟုဆိုသည်။
ထို့ကြောင့် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမကြီး တ လျှောက် ခရီးသွားလာမှုမပြုရန်နှင့် အထူးသဖြင့် ကားလမ်းမကြီးအသုံးပြုသွားလာမှုကို ရှောင်ရှား ကြရန် တနင်္သာရီတိုင်း စစ်ဌာန၊ အမှတ် ၃၅ နည်းဗျူဟာက ထုတ်ပြန်ထားသည်။




