27 C
Yangon

သန်လျင်မြို့နယ်၊ ဘော့သပြေကန်ကျေးရွာတွင် ရာအိမ်မှူး ချစ်စန်း၏ သားဖြစ်သူနှင့်အပေါင်းအပါ ၁ ဦးက အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်၊ နစ်နာသူ မိန်းကလေးကို ငွေကျပ် ၃ သောင်းပေး၍ ရွာပြန်ပို့လိုက်ပြီး ကျူးလွန်သူများကို အရေးယူနိုင်ခြင်းမရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘော့သပြေကန်ကျေးရွာတွင် ရာအိမ်မှူး ချစ်စန်း၏ သားဖြစ်သူနှင့်အပေါင်းအပါများက အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးကို မုဒိမ်းကျင့်မှုဖြစ်ပွားပြီး ပြုကျင့်ခံရသူ မိန်းကလေးငယ်ကို ငွေကျပ် ၃ သောင်းဖြင့် ရွာပြန်ပို့လိုက်ကြောင်း သိရှိရသည်။

ယခုအောက်တိုဘာလလယ်တွင် ရာအိမ်မှူး ချစ်စန်း၏ သားဖြစ်သူနှင့် အပေါင်းအပါ ကယ်ရီသမား ၁ ဦးက တစ်နယ်တစ်ကျေးမှ လာရောက်သော အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဘော့သပြေကန်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးချစ်စန်းတို့က ကျူးလွန်ခံရသော မိန်းကလေးငယ်ကို သက်ဆိုင်ရာ ရွာသို့ ပြန်ရန် ပြောဆိုပြီး ငွေကျပ် ၃ သောင်း ပေးကာ ကားပေါ်တင်ပေးလိုက်ကြကြောင်း၊ မုဒိမ်းမှုနှင့်ပတ်သက်၍ ဘော့သပြေကန်ကျေးရွာ နယ်မြေရဲများကိုလည်း ရာအိမ်မှူး ချစ်စန်းက ငွေကြေး လာဘ်ထိုး၍ အမှု မဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ပြုကျင့်ခံရတဲ့ မိန်းကလေးက အသက်မပြည့်သေးဘူး။ သူက ဒီမှာ ဆွေမျိုးနောက်ခံမရှိဘူး။ ရွာကနေ လာအလုပ်လုပ်တာ။ ဥက္ကဋ္ဌနဲ့ ရာအိမ်မှူးချစ်စန်းက ကလေးမကို ငွေ ၃ သောင်းပေးပြီး သူ့ရွာပြန်မယ့် ကားပေါ်တင်ပေးလိုက်တယ်။ ဘော့သပြေကန် နယ်မြေရဲစခန်းက ရဲတွေကိုလည်း ဥက္ကဋ္ဌနဲ့ ရာအိမ်မှူး ချစ်စန်းက အမှုမကြီးစေလိုဘူးဆိုပြီး လာဘ်ထိုးတယ်။ ကျွေးမွေး အရက်တိုက်တယ်။ နောက်တစ်ခုက ကျေးရွာ အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ နဲ့ ရာအိမ်မှူး ချစ်စန်းက အမျိုး ပတ်တော်နေတယ်” ဟု အမှုဖြစ်စဉ်ကို သေချာစွာ သိရှိထားသော သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ မုဒိမ်းကျင့်မှုဖြစ်စဉ်ကို ဘော့သပြေကန်ကျေးရွာမှ သိရှိသူ တချို့သာရှိပြီး ကျေးရွာ ဥက္ကဋ္ဌ နှင့်ရာအိမ်မှူး ချစ်စန်းတို့က သတင်းမပြန့်စေရန် ဖုံးကွယ်ထားကြောင်း၊ နစ်နာခဲ့သူ မိန်းကလေးငယ်မှာလည်း အမာခံ ဆွေမျိုးသားချင်းမရှိ၍ အမှုလုပ်နိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ကျေးရွာသို့ ပြန်သွားရကြောင်း၊ ယင်းကဲ့သို့ အရေးယူမှု မရှိသည့်အတွက် ရာအိမ်မှူးသားနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအသိုင်းအ၀ိုင်းမှ လူငယ်များမှာ ပို၍ လက်ရဲ ဇက်ရဲ ဖြစ်လာကြောင်း သိရှိရသည်။

“ပြုကျင့်ခဲ့တဲ့ ရာအိမ်မှူးသားနဲ့ ကယ်ရီသမားက ဘာမှ မဖြစ်ဘူး။ ဘယ်သူကလည်း အရေးယူဆောင်ရွက်နိုင်တာမရှိဘူး။ နစ်နာသူကလည်း ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်လိုဖြစ်နေတယ။ ကျူးလွန်တဲ့ သူတွေက ပုံမှန်အတိုင်းနေထိုင် သွားလာနေကြတာကျန်ရှိနေတဲ့ သမီးမိန်းမပျိုလေးတွေ အတွက်လည်း မလုံခြုံဘူး” ဟု ဘော့သပြေကန်ကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ယင်းမုဒိမ်းကျင့်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သန်လျင်မြို့နယ်ရဲစခန်းကို ဖုန်းဆက်သွယ်၍ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းနံပါတ်များမှာ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article