27 C
Yangon

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“၂၈ ရက်နေ့မှာ လေးမိုင်ကျေးရွာ စစ်ခွေး ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ထိတွေ့တိုက်ပွဲက ၄၅ မိနစ်လောက်ကြာခဲ့တယ်။ စစ်ခွေးတွေဘက်က ၈ ကောင် သေဆုံးတယ်။ ၂၆ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့နှင့် တနင်္သာရီတပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ရေးအခြေအနေများ တင်းမာနေမှုကြောင့် ပြည်သူများ သတိရှိစွာ သွားလာကြပါရန် ဗိုလ်ခရင်းတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article