စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက် ခိုက်ရာ စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး စစ်သားအလောင်းတချို့ ၊ သေနတ် ၁ လက် နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၆ ရက်နေ့အထိ အရာတော် မြို့နယ်၊ သလဲဘာ ပျူစောထီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းက ဝက်လက်မြို့နယ်၊ ကျောက်ကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်နေစဉ် တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ထိုတိုက်ခိုက်မှုအတွင်း အကြမ်း ဖက် စစ်တပ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၁၆ ဦးသေဆုံးကာ ၃၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေနတ် ၁ လက်နှင့်အတူ ခဲယမ်းများ သိမ်း ဆည်း ရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သားများက လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသော ပြည်သူ ၄ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ကြားဖြတ် တိုက်ခိုက်တာ စုစုပေါင်း စစ်ခွေး ၁၆ ကောင်သေတယ်။ ပျူစေထီး ၁၂ ကောင်နဲ့ စစ်ခွေး ၄ ကောင်သေတယ်လို့သိရတယ်။ ခွေးလောင်းတစ်လောင်းတော့ ရတယ်။ သေနတ် ၁ လက်ရတယ်။ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့ ပြည်သူ ၄ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကျောက်ကုန်းရွာက ပြည်သူ ၄ ဦးပါ။ ရွှေဘိုခရိုင်အတွင်းက PDF ၊ ပကဖ တွေ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်မယ်ဆိုရင် ရန်သူတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ပါတယ်” ဟု နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁၊၂၊၄ ရွှေဘိုတပ်ရင်း၊ ဝက်လက်မြို့နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ်ပကဖ၊ ကိုးတောင်ကြား အဖွဲ့၊ရွှေဘိုခရိုင် Drone အဖွဲ့၊ ကျီး ကန် (မ)ရွာ Drone အဖွဲ့၊ MSaiNaw Drone အဖွဲ့နှင့် ပကဖ များကပူး ပေါင်း ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ် ကြောင်းက အရာတော်မြို့နယ်၊ သလဲဘာ ပျူစောထီးကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လုယူ ဖျက်ဆီးသတ်ဖြတ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို နွေဦးတော်လှန်ရေး အင်အား စုများအနေဖြင့် တိုက်ခိုက်ချေမှုန်းရာတွင် စည်းစည်းလုံးလုံး ပါဝင်ဆောင်ရွက်ပေးကြရန် နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) က အသိပေး နှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





