ဒီကနေ့ နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ဒေသတွေ တည်ငြိမ်ရေးအတွက် စစ်ရေးအရ အရေးကြီး စစ်ဌာနချုပ် ဖြစ်တဲ့ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နေရာ အပြောင်းအလဲဖြစ်ပေါ်နေတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
-စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အသေများပြီး ကား ၃ စီးဖြင့် အလောင်းများသယ်ထုတ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ဝက်မှေးရွာထဲကို အကြမ်းဖက်စစ်သားတွေက ဝင်ရောက်ပြီး ပြည်သူတွေကို အလှူခံလို့ဆိုကာ ခြိမ်းခြောက် ငွေတောင်းခံခဲ့တဲ့အပြင် ပြည်သူ ၂ ယောက်ကိုလဲ ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




