ဒီကနေ့ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အဝင်ဂိတ်နှင့် စစ်ဆေးရေး ဂိတ်တွေမှာ CDM ဝန်ထမ်းတွေကို စစ်ဆေး ဖမ်းမိခဲ့ရင်တော့ ရွေးကောက်ပွဲကို နှောင့်ယှက်မှုဖျက်ဆီးသူများ ဥပဒေနဲ့ အရေးယူ ဖမ်းဆီးဖို့ကို ညွှန်ကြား လိုက်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေ တာကြောင့် စစ်တပ်ဘက်က အထိနာနေတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်က လုံခြုံရေး တင်းကျပ်စွာချပြီး ဖျက်ဆီးလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




