ဒီကနေ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ နိုင်ငံတကာကလို လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်ဆိုပြီး တတွင်တွင် ပြောဆိုခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က အခုတခါမှာလည်း ရန်ကုန်မြို့မှာ မိုးပျံအမြန်လမ်း နဲ့ မြို့တော်အပြင်ပတ်လမ်း စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုပြီး ကော်မတီဖွဲ့နေပြန်ပါတယ်။
- ကရင်ပြည်နယ် မြဝတီမြို့နယ်က ရသေ့ဂူ၊ မင်းလက်ပံ၊ ဖလူးကျေးရွာတွေဘက် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တန်ပြန် တိုက်ခိုက်မှု တွေ အတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ တော်တော်များနေသလို ၊ လက်နက်ခဲယမ်း တွေကို ပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားတယ်လို့ ကျားသစ်နက် စစ်ကြောင်းက ထုတ်ပြန်ထား ပါတယ်။
- စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့နယ်မှာ ကျန်းမာရေးမကောင်းသူ စစ်ဘေးရှောင် မသန်စွမ်း အမျိုးသမီးငယ်တစ်ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီ SNA တပ်သား က မုဒိမ်းပြုကျင့်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




