26 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ရိုးကြီးရွာအနောက်ဘက်တွင် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပုသိမ်-မုံရွာ လမ်းပိုင်းကို ရောက်ရှိလာပြီးနောက် ယင်းနေ့ နံနက်အစောပိုင်းတွင် ချက်ကန်ရွာ စာသင်ကျောင်းကို စတင်ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်သားများက ယင်းနေ့ နံနက်အစောပိုင်းမှ စတင်ပြီး ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ် ၇ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ချက်ကန်ရွာမှတဆင့် ပင်တောင် ပျူစောထီးရွာနှင့် ဒီးဒုတ်ကွင်းရွာ ပျူစောထီးရွာကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်ခွာသွားကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ထောင်စု ၃၀၀၀ ကျော် ပြည်သူ ၁၂၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များအတွင်း ထွတ်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အခုထိုးနေတဲ့ စစ်ခွေးတွေက အောက်တိုဘာလတည်းက ကပစ ၂၂ တည်းက ထွက်လာတဲ့ကောင်တွေပါ။ အဲကောင်တွေပဲ ဒေသခံ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေတာ အခုတိမ်းရှောင်နေရတာပြည်သူ သောင်းနဲ့ချီတယ်။ အကုန်လုံးဘေးလွတ်ရာကို ပြေးနေရတယ်။ ရွာတွေကိုလည်း ဆက်တိုက်ကို ဝင်ရောက်စီးနင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article