ဒီကနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်က သူကို လွှတ်တော်ကိုယ် စားလှယ် လောင်းအဖြစ်မှ ပယ်ဖျက်ထားမှုအပေါ် သက်ညှာ စဉ်းစားပေးဖို့ နှင့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုဖို့ တင်ပြထားမှုအပေါ် ရွေးကောက်ပွဲကော်မရှင်(UEC) က ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်တာလို့ သုံးသပ်တင်ပြထားပေမယ့် မင်းအောင်လှိုင်ရဲ့ အဆုံးအဖြတ်သာ အဓိကဖြစ်တယ်လို့ နေပြည်တော် UEC ရွေးကောက်ပွဲကော်မရှင်သတင်းရင်းမြစ်ကပြောပါတယ်။
-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park အတွင်းကနေ ကျားဖြန့်အဆောက်အအုံတွေကို မိုင်းဖောက်ခွဲ ဖြိုပြပြီး ဖျက်ဆီးခံအဆောက်အအုံတွေအတွက် BGF က တရုတ်သူဌေးတွေကို အစားထိုး ပြန်ပေးမယ်ဆိုပြီး ညှိနှိုင်းပြောဆိုထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က Yangon khit Thit ကို ပြောပါတယ်။
– မြန်မာအကြမ်းဖက်စစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာ ဝင်ငွေရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနှင့် သဘော၀ဓာတ်ငွေ့လုပ်ငန်း -MOGE နဲ့ အလုပ်လုပ်နေတဲ့ နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေ ကို အရေးယူဖို့ Justice for Myanmar-JFM က ထပ်မံတိုက်တွန်းတောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




