မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအနီး ဆက်ကြေးကောက်နေသော ရဲနှင့်စစ်သားတချို့ကို အသွင်ယူ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး၊ စစ်သား ၁ ဦး စုစုပေါင်း ၂ ဦးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Southern Yesagyo တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁ ရက် နံနက် ၇ နာရီ ၂၉ မိနစ်အချိန် ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအနီး ပခုက္ကူ -ရေစကြိုလမ်းမကြီးပေါ်တွင် ကုန်ကားများကို ဆက်ကြေးကောက်နေသော ရဲ လင်မယား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် အသွင်ယူပြီး သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ရဲ ၁ ဦးသေဆုံးကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဉ်ကွင်းဂိတ်မှ အကြမ်းဖက်စစ် သားများက ပစ်ကူပေး တိုက်ခိုက်သဖြင့် ယင်းဂိတ်အား ၄၀ မမဖြင့် ဗုံးသီး ၁ လုံးပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၁ ဦး ထပ်မံ သေဆုံးသွားကြောင်း သိရသည်။
“စခတွေ ယူနီးဖောင်းဝတ်ပြီးသွားလိုက်တာ၊ စစ်တပ်ယူနီဖောင်းနဲ့ပဲ သွားလိုက်တာ၊ အနားရောက် တော့ မင်းဘာလုပ်နေလဲ၊ ဘယ်ကလဲမေးတော့ စက်မှုဇုန်ဂိတ်က ပြောတာနဲ့ တစ်ခါတည်း ပစ်ထည့် လိုက်တာ၊ သိမ်းဆည်းရရှိတာက ရဲကိုင်တဲ့လက် နက်နဲ့ ဆိုင်ကယ်တစ်စီး။ ဒီကောင်တွေက ဂိတ်က ခေါင်းပေါင်းရဲ့တရားဝင်ခွင့်ပြုချက်နဲ့ ပိုက်ဆံထွက်တောင်းတဲ့သူတွေမဟုတ်ဘူး။ ကြားပေါက်ရှာတဲ့ သူတွေ၊ တစ်ခါတလေနှစ်ယောက်၊ တစ်ခါတလေ ၃ ယောက် အဲလိုထွက်ထွက်တောင်းတာ၊ အခုက လင်းမယားနှစ်ယောက်ထွက်တောင်းတာ၊” ဟု Southern Yesagyo တပ်ဖွဲ့တာဝန်ခံ ကိုအောင် မောင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဆက်ကြေးထွက်ကောက်သော ရဲမှာ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲလုပ်သက် ၆ နှစ်အရှိ ရဲ တပ်သား ရည်မွန်ဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ MA1 အမျိုးအစား သေနတ် ၁ လက်၊ ဆိုင်ကယ် ၁ စီးတို့ကိုသိမ်း ဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိသူ ရဲတပ်သား၏ ဇနီးမှာ ကိုယ်ဝန် ၅ လ လွယ်ထား ရသဖြင့် စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုများကို Southern Yesagyo တပ်ပေါင်းစုရဲဘော် ၂ ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။






