မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ရေတိမ်ရွာ အနီနှင့် ကျွန်းတော အရှေ့တောတိုက်အနီးသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မစ်ဇိုင်းအတွဲလိုက်ဒုံးကျည် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်အချိန် ပေါက်မြို့နယ် အနောက်ခြမ်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ပေါက်မြို့နယ် အရှေ့ပိုင်း ရေတိမ်ရွာ အနီးတ၀ိုက်နှင့် ကျွန်းတော အရှေ့တောတိုက်အနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အတွဲလိုက်မစ်ဇိုင်းဒုံကျည် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲနဲ့ မစ်ဇိုင်းအတွဲလိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပေါက်နယ်အရှေ့ပိုင်း ရေတိမ်ရွာ အနီးတ၀ိုက်နှင့် ကျွန်းတောရွာအရှေ့တောတိုက်အနီးတို့ကို ပစ်ခတ်တိုက်ခိုက်ပြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ ဒီကောင်တွေ ဘာသတင်းရလို့လဲတော့ မသိဘူး။ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာပါ”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆင်ဇာကျေးရွာသို့လည်း အခြားစစ်တပ်စစ်ကြောင်း ၁ ခုက စစ်ကြောင်းထိုးပြီး ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အဆိုပါကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၂ ခုခွဲ၍ ကျေးရွာများသို့ ဝင်ရောက်ပြီး စစ်ကြောင်း ၁ ခုမှာ တမာကုန်းကျေးရွာသို့ ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ အခြား စစ်ကြောင်း ၁ ခုမှာလည်း ထုံးဘိုကျေးရွာတွင် တပ်စွဲ အထိုချပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းအပြင် ရွှေဘိုမှထွက်လာ အင်အား ၁၅၀ ခန့်ပါ စစ်တပ်နှင့်ပျူစောထီးစစ်ကြောင်းက ရွှေဘို-မန္တလေး လမ်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာကာ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာသို့ ရောက်ရှိနေကြောင်း၊ ရွာသာကြီးကျေးရွာတွင် တပ်စွဲထားသော အင်အား ၈၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကလည်း တံတားဦးကျေးရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။
“ဝက်လက်မှာ စစ်တပ်စစ်ကြောင်းတွေက အနည်းဆုံး ၃ ကြောင်းလောက်နဲ့ မွှေနေတယ်။ ပြည်သူတွေကတော့ ထွက်ပြေးနေရတယ်” ဟု ဝက်လက်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဓာတ်ပုံ – အညာဒေသတွင် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




