31 C
Yangon

ဧရာ၀တီတိုင်း၊ လေးမျက်နှာနှင့် ရေကြည်မြို့နယ်တွင် ၄ လတာအတွင်း စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၃ ဦးသေဆုံးခဲ့ပြီး စစ်တပ်ကို အပြင်းထန်ဆုံး လက်တုံ့ပြန်မည်ဟု တော်လှန်ရေးတပ်များက ကြေညာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ လတာအတွင်း လေ ကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ ဦးသေဆုံးခဲ့ကြောင်း AYA PDF အမှတ်၂၉ ဗျူဟာ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လေးမျက်နှာမြို့နယ်နှင့်‌ ရေကြည်မြို့နယ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃၃ ဦးသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများကို Y-12 ၊ ဂျက်ဖိုက်တာ ၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်မှုကြောင့် ဝက်ကုန်းရွာမှ အသက် ၇၃ နှစ် အရွယ် မယဉ်စိန် ၊ ဇီးပင်ကွင်းရွာမှ အသက် အသက် ၃၅ နှစ်အရွယ် ကိုမင်းလှိုင်စိုးနှင့် အသက် ၁၇ နှစ်အရွယ် မောင်အောင်မင်းသော် ၊ စပြင်ရွာမှ အသက် ၂၀ အရွယ် မဝင်းရွှေဇင်၊ မပန်းဝေ ၊ မခက်ဝေ ၊ အသက် ၃၈ နှစ်အရွယ် မဇင်မာလတ်၊ အသက် ၁၇ နှစ်အရွယ် ကိုဇော်ပိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုဆွေလှိုင်ဦး၊ အသက် ၅၆ နှစ်အရွယ် ဦးစန်းမြင့်၊ အသက် ၄၀ နှစ်အရွယ် ဦးခင်မောင်ထွန်း၊ အသက် ၆၈ နှစ်အရွယ် ဦးတင်ရွှေ ၊ အသက် ၅၄ နှစ်အရွယ် ဦးသီဟ ၊ စိန်ကွင်းရွာမှ အသက် ၃၂ နှစ်အရွယ် ကိုကျော်ရဲအောင်၊ အသက် ၅၅ နှစ်အရွယ် ဦးရဲထွန်း၊ အသက် ၂၉ နှစ်အရွယ် ကိုငြိမ်းချမ်းမောင်၊ ကိုကျော်မှူး၊ အသက် ၄၅ နှစ်အရွယ် ဦးညိုလင်းဦး၊ အသက် ၄၃ နှစ်အရွယ် ဦးဇော်လင်း၊ အသက် ၂၅ နှစ်အရွယ် ကိုအောင်ကိုကို၊ အသက် ၃၅ နှစ်အရွယ် ဦးချမ်းမြေ့အောင်၊ အသက် ၂၈ နှစ်အရွယ် မောင်ပြည့်ဖြိုးပိုင်၊ ခတ်ချိုကုန်းရွာမှ အသက် ၂၀ အရွယ် မောင်ပြည့်ဖြိုးအောင်၊ အသက် ၂၂ နှစ်အရွယ် မောင်မင်းထက်အောင် ၊ ကြို့ကုန်းရွာမှ အသက် ၅၈ နှစ်အရွယ် ဦးသန်းရှိန် ၊ မှန်စီရွာမှ အသက် ၇၂ နှစ်အရွယ် ဦးတင်ရွှေ နှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်မဖြူ တို့သေဆုံးခဲ့သည်။

ရေကြည်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာ ၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဆီဆုံကွင်းရွာမှ အသက် ၆၁ နှစ်အရွယ် ဦးစိုးဦး၊ အသက် ၄၄ နှစ်အရွယ် ဦးကျော်ထူး၊ သက္ကယ်ပြင်ရွာမှ အသက် ၇၃ နှစ်အရွယ် ဦးထွန်းသိန်း၊ ချင်းလယ်ရွာမှ အသက် ၃၇ နှစ်အရွယ် ချစ်ဆန်းမောင်၊ စက်စက်ရိုရွာမှ အသက် ၂၈ နှစ်အရွယ် ကိုပိုင်တို့ သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွင်း အောက်တိုဘာလ ၂၃ ရက်နေ့တွင် စပြင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ပေါင် ၅ဝဝ ဗုံးသီး ၂ လုံး၊ ပေါင် ၂၅ဝ ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ၎င်းတို့ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို တာဝန်ခံရမည် ဖြစ်ကြောင်းနှင့် ပြည်သူ လူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်သော အကြမ်းဖက်စစ်အုပ်စုကို အပြင်းထန် ဆုံး လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ဧရာဝတီ PDF ၊ အမှတ် ၂၉ နည်းဗျူဟာ ဧရာဝတီတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တို့က အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article