30 C
Yangon

တောင်သာမြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက် တိုက်ခိုက်ပြီး မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

မန္တလေးတိုင်း၊ တောင်သာမြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းလိုက်ကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တောင်သာ-နွားထိုးကြီး လမ်းပိုင်းရှိ တောင်သာမြို့ အဝင်ဂိတ်ဖြစ်သော မန်ကျည်းရိုးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ဂိတ်အတွင်းရှိ အကြမ်းဖက် စစ်သားများ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ရဲဘော်များက ဂိတ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၆ နာရီလောက်က တောင်သာမြို့ကနေ နွားထိုးကြီးဘက်ကို အထွက်ဖြစ်တဲ့ တောင်သာမြို့ အဝင်ဂိတ် မန်ကျည်းရိုးဂိတ်ကို ဝင်တိုက်တာလို့ သိရတယ်။ အဲလိုပစ်ခတ်မှုဖြစ်တော့ ဂိတ်မှာရှိတဲ့ စစ်ခွေးတွေ ထွက်ပြေးသွားလို့ ဂိတ်ကို မီးရှို့ရှင်းလင်း လိုက်တာလို့ သိရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် တောင်သာမြို့ပေါ်တွင် နေထိုင်သော ပြည်သူတစ်ဦးကလည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ကို အတည်ပြုပြောဆိုပြီး စစ်သားများ မြို့ထဲကို ဝင်ရောက်လာကာ သေနတ်များ ပစ်ဖောက်ခဲ့ကြောင်း၊ တောင်သာ-နွားထိုးကြီး လမ်းပိုင်းရှိ မြို့အဝင် ဂိတ်ဘက်မှ မီးခိုးများ ထွက်လာသည်ကိုလည်း တွေ့မြင်ခဲ့ရကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေကို သက်ဆိုင်ရာ နယ်မြေအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

ဓာတ်ပုံ – မေလ ၁၉ ရက်နေ့က တောင်သာ-ကျောက်ပန်းတောင်း လမ်းပိုင်းရှိ တောင်သာမြို့ မင်္ဂလာဦးစစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မေလ ၁၉ ရက်နေ့က တောင်သာ-ကျောက်ပန်းတောင်း လမ်းပိုင်းရှိ တောင်သာမြို့ မင်္ဂလာဦးစစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article