27 C
Yangon

ဝက်လက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ကျေးရွာ ၅ ရွာကို တပြိုင်တည်း ဝင်ရောက်စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ကျေးရွာ ၅ ရွာကို တပြိုင်တည်း ဝင်ရောက်စီးနင်း မီးရှို့နေကြောင်း ဒေသပြည်သူများနှင့် Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှ ညနေ ၅ နာရီကျော်ခန့်မှ စတင်ပြီး ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာနှင့် ထုံးဘိုရွာတို့ကို စစ်ကြောင်း ၃ ကြောင်းခွဲ၍ တပြိုင်တည်း ဝင်ရောက် စီးနင်းကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ရွှေဘိုမြို့ဘက်မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ရွှေဘို-မန္တလေး လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး စိုင်နိုင်လေးရွာကို ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးနေကြောင်း၊ လက်ရှိချိန်တွင် စိုင်နိုင်လေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အင်အားများတယ်။ ရွာသာကြီးရွာက ထွက်လာတဲ့ စစ်ခွေးတွေက စစ်ကြောင်းတွေ ဖြန့်ခွဲပြီးတော့ တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာနဲ့ ထုံးဘိုရွာတွေကို ဝင်ရောက် စီးနင်းမီးရှို့နေတာ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ စစ်ခွေး စစ်ကြောင်းက အခုထိရှို့နေတုန်းပဲ။ ရွှေဘိုဘက်ကလာတဲ့ စစ်ခွေးစစ်ကြောင်းကလည်း ရွာထဲက ထမင်းဆိုင်ကို မီးရှို့သွားတယ်လို့ သိရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article