36 C
Yangon

အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအတွက် ခြိမ်းခြောက်မှုအဖြစ် မြန်မာနိုင်ငံအပေါ် အရေးပေါ် အခြေအနေကြေညာထားမှုကို သမ္မတထရမ့်က ၁ နှစ် ထပ်မံသက်တမ်းတိုး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများက အမေရိကန်၏ အမျိုး သားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအတွက် ခြိမ်းခြောက်မှုအဖြစ် အမျိုးသားအရေးပေါ် အခြေအနေကြေညာထားမှုကို အမေရိကန်သမ္မတထရမ့်က ၁ နှစ်ထပ်မံသက်တမ်းတိုးလိုက်ကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန်သမ္မတက အမိန့်အမှတ် ၁၄၀၁၄ (Executive Order 14014) အရ မြန်မာနိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ်သည့်အပြင် ထူး ကဲသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် “အပြည်ပြည်ဆိုင်ရာ အရေးပေါ် စီးပွားရေးအာဏာကျင့်သုံးမှုအက်ဥပဒေ” (International Emergency Economic Powers Act) နှင့်အညီ အမျိုးသားအရေးပေါ်အခြေ အနေတစ်ရပ်ကို ကြေညာခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအခြေအနေမှာ ယခင်အတိုင်းပင် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အမေရိကန်အစိုးရအဖွဲ့က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် နိုင်ငံရေးတည်ငြိမ်မှု တိုးတက်လာစေရန်အတွက် ပဋိပက္ခတွင် ပါဝင်နေသူများအကြား ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် သက်ဆိုင်ရာ အစုအဖွဲ့များ၊ ဒေသတွင်း မိတ်ဖက်များနှင့် အမေရိကန်အစိုးရက လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သလို ဖိအားပေးမှုများကို ညှိနှိုင်းဆောင်ရွက်သွားရန် အမေရိကန်အစိုးရက ပြင်ဆင်ထားပြီး အဆိုပါအကြောင်းပြချက်များကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကြေညာခဲ့သော အမျိုးသားအရေးပေါ်အခြေအနေကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ပိုင်းတွင်လည်း ဆက်လက်အတည်ဖြစ်နေစေရန် သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။

ထို့ကြောင့် “အမျိုးသားအရေးပေါ်အခြေအနေများဆိုင်ရာ အက်ဥပဒေ” (National Emergencies Act) ပုဒ်မ ၂၀၂ (ဃ) အရ မြန်မာနိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ အမိန့်အမှတ် ၁၄၀၁၄ ဖြင့် ထုတ်ပြန်ထားသော အမျိုးသားအရေးပေါ်အခြေအနေကို နောက်ထပ် ၁ နှစ် သက်တမ်းတိုးမြှင့်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအပေါ် အမျိုးသားအရေးပေါ် အခြေအနေကြေညာထားမှုကို အမေရိကန်သမ္မတ ဘိုင်ဒင်လက်ထက်ကတည်းက ပြဋ္ဌာန်းကြေညာခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးခဲ့ရာမှ လက်ရှိအမေရိကန်သမ္မတထရမ့် လက် ထက်တွင်လည်း ဆက်လက်၍ ယင်းအမိန့်ကို ဆက်လက် သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

(FILES) In this file photo former US President Donald Trump arrives to speak at the press briefing at the White House in Washington, DC, on July 30, 2020. – One year after his first impeachment, former president Donald Trump finds himself the subject of an unprecedented second trial beginning February 9, 2021 in the Senate, whose members must determine whether he incited a deadly assault on the US Capitol. The 100 senators will also step into uncharted territory when they sit in judgment of a president who
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article