28 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” ကို ဖွဲ့စည်းဖို့ ဥပဒေတစ်ရပ်ကို ကြေညာလိုက်တာဟာ စစ်တပ်အနေနဲ့ အာဏာကို ဆက်ပြီးထိန်းချုပ်ထားနိုင်အောင် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ အေပီ (AP) နဲ့ ရိုက်တာ (Reuters) သတင်းဌာနတွေအပါအဝင် နိုင်ငံတကာမီဒီယာတွေက အကျယ်တဝင့်ရေးသားဖော်ပြနေကြပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် ဆွမ်းဘုန်းပေးဖို့ပြင်ဆင်နေတဲ့ သံဃာတော်နဲ့ ကိုရင်ငယ် အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ Monywa Revolution မှ တာဝန်ရှိသူနဲ့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေများပြီးအထိနာနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖုန်းနဲ့ ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ထိုင်ဝမ်အရေး ပါဝင်သွားပြီးနောက် နာရီပိုင်းအကြာမှာပဲ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ထိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေးက အလွန်ခိုင်မာတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article