By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီကူးပြောင်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပျက်မကွက်လိုက်နာဆောင်ရွက်ဖို့ နိုင်ငံရေးသမားတွေနှင့် ပြည်သူတွေ သိရှိထားဖို့ လိုအပ်မယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာဘက်ကနေ နယ်မြေကျော်ကျရောက်လာတဲ့ ကျည်ဆန်ထိမှန်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အသက် ၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ်မှာ ဆေးကုသမှုခံယူရင်းနဲ့ ဒါကာမြို့မှာ မနေ့က မနက်ပိုင်း ကွယ်လွန်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ်ကနေ လာတဲ့သတင်းတွေက ဆိုပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဇန်နဝါရီလ အတွင်း တိုက်ပွဲ ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၃၄ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်ခရိုင်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်က ယူကရိန်းနှင့် ရုရှားစစ်ပွဲကို ဇွန်လအတွင်း ရပ်ဆိုင်းဖို့ ဖိအားပေးနေတယ်လို့ ယူကရိန်း သမ္မတ ဇလန်စကီးက ပြောဆိုလိုက်ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့အကြား (၄) နှစ်နီးပါး ကြာမြင့်နေ ပြီဖြစ်တဲ့ စစ်ပွဲကို လာမယ့် ဇွန်လမှာ အပြီးသတ် အဆုံးသတ်စေချင်တယ်လို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




