30 C
Yangon

CDM များမှာ တော်လှန်ရေး၏ အဓိကဒေါက်တိုင်ဖြစ်ပြီး တစ်သားတည်းရပ်တည်နေဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

CDM များမှာ တော်လှန်ရေး၏ အဓိကဒေါက်တိုင်ဖြစ်ပြီး တစ်သားတည်း အတူရပ်တည်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

ယနေ့ ပြုလုပ်သော အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ နှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေး၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူများသည် တော် လှန်ရေး၏ အဓိကဒေါက်တိုင်များဖြစ်ပြီး CDM များမရှိပါက NUG အစိုးရ လည်ပတ်နိုင်ရန် မဖြစ်နိုင်ကြောင်း ၊ CDM ဝန်ထမ်းများသည် တော်လှန် ရေး၏ တပ်ဦးက ပါဝင်နေသူများဖြစ်ပြီး ၎င်းတို့၏ စွန့် လွှတ်အနစ်နာခံမှုများဖြင့် တော်လှန်ရေးကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ၊ CDM များသည် အမှန်တရားနှင့် ဓမ္မအတွက် ရပ်တည်ခဲ့ကြသူများဖြစ်ပြီး NUG အနေဖြင့် CDM များဖြင့်အတူ တစ်သားတည်း ဆက် လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“CDM တွေ မရှိရင် ကျနော်တို့ ဝန်ကြီးဌာနတွေ လည်ပတ်ဖို့ မဖြစ်နိုင်သလို NUG လည်ပတ်ဖို့ မဖြစ်နိုင်ဘူး။ NUG ပြိုလဲသွားလို့ မဖြစ်သလို CDM ပြိုလဲသွားလို့လည်း မဖြစ်ပါဘူး” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအမှုနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိသည့်အတွက် CD​M ကွန်ရက်များက ထိရောက်စွာ အရေးယူပေးရန်၊ အရေးယူမပေးသမျှ ကာလပတ်လုံး CDM ကွန်ရက်များက NUG နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article