30 C
Yangon

တနင်္သာရီတိုင်းအစိုးရ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွား၊ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအနီးတွင်လည်း ပေါက်ကွဲမှုများဖြစ်

Must read

ရန်ကုန်၊ ဧပြီ ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး တည် ဆောက်ထားသော တနင်္သာရီတိုင်းအစိုးရ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို အကြမ်းဖက် စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦးတက်ရောက်၍ ဖဲကြိုးဖြတ်ပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ဗဟိုမဏ္ဍပ်အနောက်ဘက်ခြမ်းကို ဗုံး ၁ လုံး၊ တိုင်းရဲရုံးကို ဗုံး ၁ လုံးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းတိုက်ခိုက်ခံရမှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး စစ်ကား ၃ စီးဖြင့် ရှင်းလင်းရေး လုပ်ဆောင်ကာ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

“ဗဟိုမဏ္ဍပ်က ဗိုလ်ချုပ်ကြေးရုပ်နားမှာ လုပ်တာ ဒရုန်းကျတာလို့တော့ သိရတယ်။ ဗုံးကျဲပြီးတာနဲ့ သူတို့ ဖွင့်ပွဲတောင် ဆက်မလုပ်နိုင်ဘူး။ အကုန်ပြေးကုန်တာ စစ်ခွေးကား ၃ စီးနဲ့ ရှင်းလင်းရေး လာလုပ်သွားတယ်။ စစ်ခွေးဘက်က အကောင်ကြီးတွေလာပြီးဖွင့်ပွဲလုပ်နေတဲ့ အချိန် တိုက်ခိုက်ခံရတာ အပြင်လူလည်း ဘယ်သူမှ ပေးမဝင်ဘူး။ လမ်းပိတ်ချပြီး အထဲမှာ ဖဲကြိုးဖြတ်တာပေါ့။ သူတို့ တိုက်ခိုက်ခံရတော့ သေနတ်တွေနဲ့ ဝိုင်းပစ်ကျတာရှိတယ်။ အပေါ်ကို လိုက်ပစ်တာတော့ ရှိတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့သို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု မဖြစ်ပွားမီ မွန်းလွဲပိုင်းကလည်း ထားဝယ်မြို့ ဝန်ကြီးအိမ် ရာအနီးတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ထားဝယ်မြို့၌ အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ကင်းလှည့်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article