29 C
Yangon

မင်းတုန်းမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ဒုရဲအုပ် ၁ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၅

မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြို့ထွက် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ဒုရဲအုပ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်အချိန် မင်းတုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ် တပ်၏ မြို့မရဲစခန်းနှင့် မင်းတုန်းမြို့ထွက် မိုက်ကရိုဝေ့ စစ်တပ်ဂိတ်ကို သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် – ၄တပ်ရင်း၏ တိုက်ခိုက်ရေး Drone များက တပြိုင်နက် ဗုံးများကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း မင်းတုန်းရဲစခန်းမှ ရဲတပ်သား ၁ ဦး သေဆုံးကာ ဒုရဲအုပ် ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မိုက်ကရိုဝေ့ စစ်တပ်ဂိတ်မှလည်း စစ်သား ၁ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိ၍ မင်းတုန်းမြို့ ဆေးရုံသို့ ပို့ဆောင် ကုသနေရကြောင်း သိရှိရသည်။

“ကျနော်တို့ မနေ့က တိုက်တာက မင်းတုန်းမြို့မရဲစခန်းနဲ့ မင်းတုန်းမြို့ အနောက်ဘက်ခြမ်းကို ထွက်တဲ့ အခါမှာ စစ်ဆေးတဲ့ မိုက်ကရိုဝေ့မှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်ကို ဒရုန်းနဲ့ လက်လုပ်ဗုံးသီး ၈ လုံးချပြီး တိုက်ခိုက်တာပါ။ အဓိက တိုက်ခိုက်ရတဲ့ ရည် ရွယ်ချက်ကတော့ အကြမ်းဖက် စစ်ကောင်စီ အနေနဲ့က သူတို့ ထိန်းချုပ်ထားတဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ ငြိမ်းချမ်းနေသယောင် စည်းကားနေသယောင် ဖန်တီးပြီးတော့ သင်္ကြန်ပွဲတွေကို ဖန်တီးတာပေါ့။ တစ်ဖက်မှာကျ‌တော့ လေယာဉ်တွေနဲ့ ဗုံးကျဲ ပြည်သူတွေ သေကျ ဒါမျိုးတွေရှိနေချိန်မှာ သူတို့တွေက သင်္ကြန်ကို အကြောင်းပြုပြီး ဖန်တီးကျတာပေါ့။ ဒါကြောင့် ကျနော်တို့ကလည်း စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ စစ်ကောင်စီရဲ့ စစ်ရေး ပစ်မှတ်တွေကို အဓိကထားပြီး တိုက်ခိုက်တာဖြစ်ပါတယ်” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

သရက်ခရိုင် အမှတ်-၄ တပ်ရင်း အနေဖြင့် အခြေအနေပေါ်မူတည်ပြီး အကြမ်းဖက် စစ် တပ်၏ စစ်ရေးပစ်မှတ်များကိုသာ ရွေး ချယ်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ဒေသ ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော်ကို လွတ်လပ်စွာ ဆက်လက် ဆင်နွှဲနိုင်ကြပြီး နှစ်သစ်ကူးကာလအား ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ကိုမြတ်က ဆက်လက် ပြော ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article