28 C
Yangon

“ကျနော်တို့ မြန်မာပြည်ကြုံတွေ့နေရတဲ့ အခက်အခဲဟာ အင်မတန်ကိုကြီးမားတဲ့ အခက်အခဲပါ။ တော်ရုံ တန်ရုံ အပြကောင်းတဲ့ လုပ်ရပ်မျိုးနဲ့ မရပါဘူး။ အရင်းအမြစ်က စပြီးတော့ တိတိကျကျ ပြောင်းလဲမယ့် စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှ ရမှာပါ”

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ယနေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးလိုက်ရာ ယင်းအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ လူထုခေါင်း ဆောင် လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အခြေ အနေများနှင့်ပတ်သက်၍လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြောရေး ဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမျိုးညွှန့်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အန်တီဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ နေအိမ်အကျယ်ချုပ်ပြန်ထားမယ်လို့ သတင်းတွေထွက်နေတယ် အဲဒါနဲ့ ပတ်သက်လို့ ဘာများကြားထားမိသေးလဲ။

ဖြေ။ ။ ကျနော်တို့ အဲ့သတင်းတွေနဲ့ ပတ်သက်လို့ နေပြည်တော်မှာထားဖို့ နေရာတွေကို လိုက်ကြည့်ပါတယ်။ ဘယ်လိုမှထားလို့ မဖြစ်နိုင်တာတွေ့ရပါတယ်။ အဲတော့ ရန်ကုန်မှာ ထားမလားဆိုတော့ ခြံထဲက ပုဂ္ဂိုလ်တွေကလည်း အခုအထိ တစ်စုံတစ်ရာ အကြောင်းကြားတာမရှိဘူး။ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောပါတယ်။ ကျနော်တို့ အခုလောလောဆယ် နေအိမ်ပြန်ထားမယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ အတည်မပြုနိုင်ပါဘူး။ မူလထိန်းသိမ်းတဲ့ အတိုင်းပဲရှိသေးတယ်လို့ လောလောဆယ်တော့ ကျနော်တို့ အဲလိုသဘောထားပါတယ်။ အတည်ပြုလို့လည်းမရပါဘူး။ ကောလာဟလတွေပါ။

မေး။ ။ NLD CEC ဝန်ကြီးချုပ်တွေထဲက ပြန်လွတ်လာတာ ဘယ်နှဦးလောက်ရှိတယ်လို့ ကြားမိသေးလဲ။

ဖြေ။ ။ ကျနော်တို့ အခုသတင်းတွေကတော့ မကြားသေးဘူး။ ဦးအောင်မိုးညိုကတော့ ၄ နှစ်လျော့သွားတယ်လို့ အဲတာပဲသိရတယ်။ နောက် အန်ကယ် ဦးဝင်းထိန် လွတ်တယ်လို့ သိတယ်။ လောလော ဆယ် ကျနော်တို့ဖုန်းသတင်းကတော့ ဒီလောက်ပဲရတယ်။ ကျနော်တို့ကလည်း ခရီးသွားနေတာမို့လို့ပါ။ ကျနော်ကိုယ်တိုင် သတင်းကလည်း အဆက်ပြတ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေး။ ။ သမ္မတဦးဝင်းမြင့်နဲ့ကော အဆက်အသွယ်ရပြီလား။ သမ္မတကြီးက ဘာများမှာကြားတာရှိလဲ။

ဖြေ။ ။ ကျနော်တို့ ရင်းရင်းနှီးနှီးနှုတ်ဆက်တယ်။ သမ္မတကြီးအိမ်မှာပဲ ထမင်း စားပြီးတော့မှ ကျနော်တို့ ရန်ကုန်ကို ပြန်မှာ။ သမ္မတကြီးက လောလောဆယ်တော့ ဘာမှ အမှာစကားမရှိပါဘူး။ သို့သော်လည်း သမ္မတကြီး ထုံးစံအတိုင်းပဲ ဘယ်သော အခါမှ ဥပဒေနဲ့ မလွတ်ကင်းနဲ့ ကျူးလွန်တဲ့ အမှုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက်လည်း ဆက်လက် ဆောင် ရွက်ဖို့ အင် အား အပြည့်ရှိနေပါတယ်။ အဲလောက်တော့ ကျနော်တို့ ပြောနိုင်ပါတယ်။

မေး။ ။ အန်တီဒေါ်အောင်ဆန်းစုကြည်ကိုကော ထောင်ဒဏ် ဘယ်လောက်လျော့ချပေးတယ်လို့ ကြားမိသေးလဲ။

ဖြေ။ ။ လုံးဝမကြားပါဘူး။ ကောလာဟလတွေပါပဲ ဘာမှ အတည်ပြုချက်မရှိပါဘူး။ ဘယ်အချက်ကိုမှ အတည်ပြုလို့မရနိုင်ပါဘူး

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိမလဲ။

ဖြေ။ ။ ကျနော်တို့ မြန်မာပြည်ကြုံတွေ့နေရတဲ့ အခက်အခဲဟာ အင်မတန်ကိုကြီးမားတဲ့ အခက်အခဲပါ။ တော်ရုံတန်ရုံ အပြကောင်းတဲ့ လုပ်ရပ်မျိုးနဲ့ မရပါဘူး။ အရင်းအမြစ်က စပြီးတော့ တိတိကျကျ ပြောင်းလဲမယ့် စိတ်ဆန္ဒနဲ့ ကြိုး စားအားထုတ်မှ ရမှာပါ။ အဲတော့ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတာကို ဦးထိပ်ပန်ဆင်ပြီးတော့ ကျန်တဲ့ ပုဂ္ဂိုလ် အကျိုး၊ အဖွဲ့အစည်း အကျိုး ကို ဘေးဖယ်ပြီး ဆောင် ရွက်နိုင်ပါစေလို့တော့ ကျနော်တို့ကတော့ ဆုတောင်းပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article