ရန်ကုန်၊ ဧပြီ ၁၇
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ – SCEF တွင် စစ်ရေးစုဖွဲ့မှုပါဝင်ပြီး ဗဟိုကွက်ကဲမှုစနစ်တည်ဆောက်ကာ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် စစ်မဟာဗျူဟာရေးဆွဲ၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။
ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊နှစ်ဆန်းတစ်ရက်နေ့ ကျရောက်သည့် နှစ်ဦးသဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုထားခြင်းဖြစ်သည်။
နိုင်ငံရေးစာမျက်နှာတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ -SCEF ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် တော်လှန်ရေးတဆင့် တက်လှမ်းမှုဖြစ်ကြောင်း၊ နိုင်ငံရေး အခြေခံ အပေါ်တွင် တော်လှန်ရေး အင်အားစုများ၏ စုစည်းညီညွတ်မှုကို တည်ဆောက်ကာ ပီပြင်သည့် တော်လှန်ရေး ဦးဆောင်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
“SCEF ဟာ One Policy One Strategy တခုတည်းသော မူဝါဒ၊ တခုတည်းသော မဟာဗျူဟာ အောက်မှာ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။ ဦးဆောင်မှု ခိုင်မာဖို့နဲ့ မဟာဗျူဟာ မှန်ကန်ဖို့ဟာ တော် လှန်ရေးအောင်မြင်ဖို့ အသက်တမျှ အရေးကြီးပါတယ်။ SCEF မှာ နိုင်ငံရေးစုဖွဲ့မှုနဲ့ စစ်ရေးစုဖွဲ့မှု ပါဝင် မယ်။ စစ်ရေးအပိုင်းမှာ ဗဟိုကွပ်ကဲမှုစနစ် တည်ဆောက်ပြီး တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မဟာဗျူဟာ တရပ် ရေးဆွဲ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ SCEF ဟာ အမျိုးသားညီညွတ်မှုအား ပို ကောင်းလာတဲ့ အမှတ်လက္ခဏာလည်း ဖြစ်တယ်။ ဒီအားကို အရင်းတည်ပြီး ခိုင်မာတဲ့ ဦးဆောင်မှု၊ မှန်ကန်တဲ့ မဟာဗျူဟာအောက်မှာ စိတ်ဇွဲသန်သန်နဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက်ကြပါစို့ လို့ တိုက်တွန်းရင်း နှစ်ဦးသဝဏ်လွှာ ပါးလိုက်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့အားလုံးကို စစ်ရုံးချုပ်၊ တိုင်း စစ်ဌာန၊ ခရိုင်စစ်ဌာန အဆင့်ဆင့်ဖြင့် တစ်ခုတည်းသော ကွပ်ကဲမှုစနစ်ကို တည်ဆောက်နိုင်ခဲ့ပြီး တော်လှန်ရေး ၅ နှစ်ကာလ တစုံလုံးအပေါ် ပြန်သုံးသပ်၊ ပြုပြင်၊ တည့်မတ်မှုများ လုပ်ဆောင်ခဲ့ရ ကြောင်း၊ အထူးသဖြင့် မဟာဗျူဟာပိုင်း ဦးစားပေးအစီအစဉ်များ ပြန်လည်သတ်မှတ်ခြင်း၊ နည်းဗျူ ဟာပိုင်းတွင် စစ်ပွဲနှင့် ဆီလျော်အောင် ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း အသိပေး ထားသည်။
ထို့အပြင် ဦးစားပေးအစီအစဉ်တွေအနေဖြင့် တပ်ကို ပိုမာစေရန် PDF တပ်ရင်းအလိုက် မွမ်းမံ လေ့ကျင့် စုဖွဲ့ခြင်း၊ ပကဖ ကို PDF နှင့်အတူ တိုက်ပွဲဝင်နိုင်သည့် အမာခံ တိုက်ခိုက်ရေး အင်အားဖြစ် စေရန် တည်ဆောက်ခြင်းနှင့် အရင်းအမြစ် ရှာဖွေစုစည်းရေးကို ပိုအားစိုက်လုပ်ဆောင်ခြင်းတို့ ရှိခဲ့ဟု ဆိုသည်။
“တော်လှန်ရေး အစပြုချိန်ကတည်းက ဒါဟာ အချိုးမညီစစ်ပွဲတခု ဖြစ်မယ်လို့ အားလုံး မျှော်လင့် ထားပြီး ဖြစ်ပါတယ်။ ရန်သူမှာ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ တပ်တခု ရှိတယ်။ စစ်လက် နက်ပစ္စည်းနဲ့ ဘဏ္ဍာငွေကြေးအရာမှာ တော်လှန်ရေးဘက်တော်သားတွေထက် အဆများစွာ သာ လွန်တယ်။ သို့သော် ရန်သူမှာ အားနည်းချက်တွေလည်း ရှိတယ်။ ပြည်သူအပေါ် စစ်ကျွန်ပြုရေး အ တွေးအခေါ် တပ်ဆင်ထားတဲ့စစ်တပ်၊ ပြည်သူအော့နှလုံးနာတဲ့ စစ်တပ်၊ စိတ်ဓာတ်ကော၊ ကျင့် ဝတ် စည်းကမ်းပါ ပျက်ပြားနေတဲ့ စစ်တပ် ဖြစ်နေတာပါပဲ။ တော်လှန်ရေးတရပ် ဆင်နွှဲတဲ့အခါ ရန်သူ့ အား နည်းချက်ကို ကျနော်တို့ မြင်အောင်ကြည့်ဖို့ လိုသလို ကိုယ့်အားသာချက်ကိုလည်း ကိုယ်တိုင်သိဖို့ လို ပါတယ်။ ရန်သူ့အားနည်းချက်ဟာ တော်လှန်ရေးရဲ့ အားသာချက် ဖြစ်စေရပါမယ်။ ရန်သူ့အားသာ ချက်အပေါ်မှာ ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ ဇွဲသတ္တိသုံးပြီး ကျော်လွှားရမှာ ဖြစ်ပါတယ်။” ဟု ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ယနေ့ ပြည်သူ့တော်လှန်ရေး၏ အားသာချက်သည် ပြည်သူလူထုတခဲနက်ထောက်ခံပါဝင်မှုဖြစ်ပြီး ယင်းအချက်အပေါ်တွင် တော်လှန်ရေးရဲဘော်များ၏ ပြည်သူလူထုအပေါ် တန်ဖိုးထားမှု၊ ခေတ်စနစ် ပြောင်း တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်မှုများကြောင့် မအောင်မြင် စရာ အကြောင်းမရှိ ကြောင်း၊ လက်ရှိအချိန်အထိ တော်လှန်ရေး ရပ်တန့်နေခြင်းမရှိသလို နောက်ဆုတ်နေတာလည်း မရှိ ကြောင်း အသိပေးထားသည်။
“ဒီအချိန်မှာ တော်လှန်ရေးဟာ ရပ်တန့်နေတာ မရှိသလို နောက်ဆုတ်နေတာလည်း မရှိဘူး။ လတ် တလောမှာ မြို့တချို့ကို ကျနော်တို့ လက်လွှတ်ခဲ့ရပေမယ့် နယ်တွေမှာ တော်လှန်ရေး ရဲဘော်တွေ ဆက်ရှိ နေတယ်။ ပြောက်ကျားနည်းဗျူဟာသုံးပြီး ရန်သူကို ပြန်လည်ဝိုင်းပတ်ရေးနဲ့ နယ်မြေစိုးမိုး ရေး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ လက်နက်ခဲယမ်းမီးကျောက်နဲ့ ဘဏ္ဍာ ရန်ပုံငွေဟာ အမြဲတမ်း အကန့်အသတ် ရှိတဲ့အတွက် မြို့သိမ်း စခန်းသိမ်း တိုက်ပွဲကြီးတွေဆိုရင် အ ကန့်အသတ်နဲ့သာ ဆောင်ရွက် နိုင်တာဖြစ်ပါတယ်။ တော်လှန်စစ်တလျှောက် ပုံမှန်အားဖြင့် ပြောက် ကျား လှုပ်ရှား ခြွေစစ်ကို အားပြု ကြရတယ်။” ဟု ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အခြေအနေ အချိန်အခါအလျောက် စစ်နည်း ဗျူဟာ အ မျိုးမျိုးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်ပျိုးထောင်ထားကြောင်း၊ ၂၀၂၃-၂၄ အတွင်းတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲကြသည့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟန်ချက်ညီ စစ် ဆင်မှုများကြောင့် စစ်တပ် အမာခံ တိုက်ခိုက်ရေး အင်အား အများစုကို ချေမှုန်းနိုင်ခဲ့ကာ စစ်ရှုံးလုနီး ပါး အခြေအနေအထိ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ထောက်ပြထားသည်။
“စစ်အာဏာ သက်ဆိုးရှည်ရေး လူငယ်တွေရဲ့အသက်ကို စတေးတဲ့ အဓမ္မ စစ်သားစုဆောင်းမှုအစီ အစဉ်က သူ့အတွက် အသက်ရှုပေါက်ရခဲ့တာ ဖြစ်ပါတယ်။ ရန်သူမှာလည်း လူ၊ စစ်လက်ပစ္စည်းနဲ့ ဘဏ္ဍာငွေဆိုတာ အကန့်အသတ်မဲ့ ရှိနေတာတော့ မဟုတ်ပါဘူး။ စစ်ပွဲ ရှည်ကြာတာနဲ့အမျှ ရန်သူမှာ လည်း လူ၊ လက်နက်ခဲယမ်း၊ ငွေကြေး စသဖြင့် အားနည်းချက် ရှိလာတယ်ဆိုတာ ကျနော်တို့ သတိ ပြုရမှာ ဖြစ်ပါတယ်။ ၂၀၂၅-၂၆ ရန်သူ့ထိုးစစ်တွေကိုကြည့်ရင် သူလည်း အကန့်အသတ်နဲ့သာ လုပ် ဆောင်နိုင်တယ်။ တနိုင်ငံလုံး ထိုးစစ်ဆင်ဖို့ သူ့မှာ လုံလောက်တဲ့အား မရှိဘူး၊ အခု ဒေသအချို့မှာ အားထည့်လုပ်နေတဲ့ သူ့ထိုးစစ်တွေဟာ ထင်တိုင်းမပေါက် ခရီးမရောက်ဘူးဆိုတာ တွေ့ရမှာ ဖြစ် တယ်။ သူ့ရဲ့ ထိုးစစ်များတာနဲ့အမျှ သူ့တပ် ပြုန်းတီးမှုလည်း ကြီးမားနေတာ ဖြစ်ပါတယ်။ တကယ် တော့ တော်လှန်ရေးဘက်တော်သားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကပဲ တော်လှန်ရေးကို အဆုံးအဖြတ်ပေး မှာ ဖြစ်ပါတယ်။ ကျနော်တို့ တောင့်ခံကြဖို့ လိုပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြော ဆိုသည်။




