28 C
Yangon

လွိုင်ကော်မြို့သို့ ရောက်ရှိနေသော စစ်မှုထမ်းတပ်သား ရဲကိုဝင်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၄

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိနေသော စစ်မှုထမ်းတပ်သား တစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း KNDF တပ်ရင်းနှင့် မုံရွာခရိုင် ပကဖ လက်ရုံးတပ် ၊ လျှပ်စီးတပ်ခွဲ တို့ထံမှ သိရသည်။

လွန်ခဲ့သည့်မတ်လအတွင်းက လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာရှိ ဂိတ်စခန်းတစ်ခုတွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ရဲကိုဝင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လိုကြောင်း မုံရွာခရိုင် ပကဖ လက်ရုံးတပ်၊ လျှပ်စီးတပ်ခွဲ တာဝန်ခံ ဗိုလ်မိုးကြိုးထံ ဆက်သွယ်ခဲ့ကြောင်း၊ ထို့ကြောင့် ဗိုလ်မိုးကြိုးမှ ထောက်ပို့စစ်သည်တော် မရွှေဂျူးထံ အကူအညီတောင်းခံခဲ့ရာ ၎င်းမှတစ် ဆင့် KNDF တပ်ရင်းတစ်ခုသို့ ချိတ်ဆက်ပြီး ခေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းထဲကျမှပဲ သွားခေါ်ထုတ်နိုင်ခဲ့တာပါ။ သေနတ်ကတော့ MA-3 တစ်လက်၊ ကျည်ဘောက် ၃ ဘောက်နဲ့ ကျည်အတောင့် ၁၀၀၊ ကျည်ကာ တစ်စုံပါလာတယ်။ အခုကတော့ ကျနော်တို့ တပ်ရင်းမှာပဲ စောင့်ရှောက်ပေးထားတယ်။ လိုအပ်တဲ့ သတင်းအချက်အလက်အချို့လည်း မေးနေတယ်၊ ပြီးတော့ လိုအပ်တဲ့ မှတ်တမ်းတွေ ယူနေတယ်” ဟု KNDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ရဲကိုဝင်းသည် ရေစကြိုမြို့နယ်ဇာတိဖြစ်ပြီး အလုပ်လုပ်သွားရန် စစ်တပ်ဂိတ်တစ်ခုတွင် ဖမ်းဆီးခံရကာ စစ်မှုထမ်းအပတ်စဉ် ၁၉ ကို တက်ရောက်ခဲ့ရသူဖြစ် ကြောင်း၊ စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် ဘောလခဲမြို့အခြေစိုက် ခမရ ၄၃၀ တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရကာ ယင်းမှတစ်ဆင့် လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာရှိ စစ်တပ်ဂိတ်တစ်ခုသို့ ပို့ဆောင်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက် နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၀၂၅ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article