30.9 C
Yangon

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ပေါ်သို့ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများ ဆက်တိုက်ကျဲ၊ ပေါက်မြို့နယ်ကိုလည်း လေယာဉ် ၅ စီးဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဧပြီ ၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ပေါ်သို့ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများ ဆက်တိုက်ကျဲချသွားကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် သံတွဲမြို့ ငပလီမြို့ပေါ်သို့ စစ်တပ်က ဂျက်တိုက်လေယာဥ် ၅ စီးဖြင့် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က Y12 လေယာဥ်ဖြင့် ကင်းထောက်ခဲ့ပြီးနောက် နေ့လယ် ၁ နာရီခန့်ဝန်းကျင်အချိန် လေယာဥ် ၅ စီးဖြင့် အုပ်စုလိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊လတ်တလော ထိခိုက်သေဆုံးမှု အခြေအနေနှင့် အပျက်အစီး အခြေအနေများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် ငပလီမြို့ နှင့် ဇီးဖြူကုန်းဘက်သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းဝရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော တောတဲများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၅ စီးဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်၊ မိတ္ထီလာလေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၅ စီးသည် ပေါက်မြို့နယ်၊ ချောင်းဝရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်သော တောတဲများကို ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်သူမရှိဘဲ တောတဲ အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သောနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က ဂျက်ဖိုက်တာ ၅ စီးနဲ့ ပေါက်မြို့နယ်၊ ချောင်းဝရွာအနီးက စစ်ရှောင်တွေနေတဲ့ တောတဲတွေကို စစ်ခွေးတွေက ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်တာတော့မရှိပါဘူး။ တောတဲတွေ အများအပြား မီးလောင်ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၁၆ ရက်နေ့ကလည်း စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ၁ စီးသည် ပေါက်မြို့နယ်၊ ဝန်လဲရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၆၀ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးကာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article