ရန်ကုန်၊ ဧပြီ ၂၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး သေနတ် ၁လက်နှင့် ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် သေနတ် ၁လက်နှင့် ခဲယမ်းများယူ ဆောင် ကာ ဂန့်ဂေါမြို့နယ် တောင်ပိုင်း ရပ်ကျေး ပကဖ စနေသားမှ တစ်ဆင့် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်အဖွဲ့ထံသို့ ဆက်သွယ်ကာအလင်း ဝင်ရောက် လာခဲ့ကြောင်း၊ထိုအလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ်သည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၁၉၇ တောင့်ယူဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးပါ။ စစ်မှုထမ်းသင်တန်းကို ခလရ ၈၉ မှာတက်ရောက်ပြီး ၊ ခလရ ၅၀တပ်ရင်းကို အပိုခံရပြီး ကျွန်တော်တို့ဆီ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာတာပါ။ အလင်းဝင်ရောက်လာတဲ့သူက MA-3 သေ နတ် ၁ လက်၊ ကျည်ဘောက် ၄ခု ၊ လက်ပစ်ဗုံး ၄လုံး၊ ကျည် ၁၉၇ တောင့်တို့ကို ယူ ဆောင်လာခဲ့ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူက ဧရာ၀တီတိုင်း မြောင်းမြမြို့နယ်မှာ နေထိုင်ပါတယ်။ နိုင်ငံခြားသွားဖို့အတွက်လုပ်နေတာကို စစ်ခွေးတွေရဲ့ စစ်ဆေးဂိတ်မှာ ပေါ်တာအဆွဲခံရတာပါ။ အလင်းဝင်ရောက် လာတဲ့သူကို ဂုဏ်ပြုငွေချီးမြှင့်တာက ဂန့်ဂေါမြို့နယ် တောင်ပိုင်း ရပ်ကျေး ပကဖ စနေသားမှ ဆုကြေးငွေ သိန်း ၅၀ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး ပကဖနဂါးညီနောင်အဖွဲထံကို လာရောက်အပ်နှံခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူက ဂန့်ဂေါမြို့နယ် တောင်ပိုင်း ရပ်ကျေး ပကဖ စနေသားမှ တစ် ဆင့် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်အဖွဲ့ထံကို ဆက်သွယ်ဝင်ရောက်လာခဲ့တာပါ” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ပြည်သူလူထုကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လျက်ရှိသည့် စစ်တပ်လက်အောက် ခံတပ်သားများ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ခိုလှုံဝင်ရောက် ပူးပေါင်းကြပါနှင့် ၎င်းတို့ကို နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်အဖွဲ့က အသိပေးနှိုးဆော်ထားသည်။
ပြည်သူ့ပန်းတိုင်၏ သတင်းထုတ်ပြန်ချကအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၀၂၅ ဦး အထိရှိခဲ့ကြောင်း သိရှိရသည်။




