32 C
Yangon

ယင်းမာပင်မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၁ စီးမီးလောင်ပျက်စီးပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ကျေးရွာမှ ထွက်လာသော စစ်ကား ၁၇ စီးပါ စစ်ယာဉ်တန်း ကို မိုင်း အလုံး ၃၀ ကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ကား ၁ စီးမီးလောင်ပျက်စီးခဲ့ကြောင်း Black Shadow PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ရွာမှ ထွက်လာသော စစ်ကား ၁၇ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက တယ်ပင်ကန်ကျေးရွာ အနောက်ဘက်တွင် ပဒေသာမိုင်း၊ ရှေ့ထွက်မိုင်း ၃၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိပြီး စစ်ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ယင်းမာပင်မြို့နယ် တယ်ပင်ကျေးရွာကနေ ထွက်လာတဲ့ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ခွေးကား ၁၇ စီးကို တယ်ပင်ကန်ကျေးရွာ အနောက်ဘက်တွင် ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ပဒေသာမိုင်း ၂၀ လုံး၊ ရှေ့ထွက်မိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က သေဆုံးတာနဲ့ ထိခိုက်တာ ၂၀ ဦးလောက်ရှိနိုင်တယ်။ စစ်ခွေး ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်။ စစ်ခွေးတွေဘကေက ဦးထုပ် ၁ လုံး သိမ်းဆည်းရမိတယ်။ စစ်ခွေး စစ်ကြောင်းက ယင်းမာပင်မြို့ပေါ်ထဲကို ပြန်ဆုတ်သွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်- ၃၀- ADPRA တပ်ခွဲ ၂ ၊ Black Shadow PDF/ မဲမှောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ Black Vot Fighter ပြည်သူကာကွယ်ရေးအဖွဲ့၊ တပ်ရင်း ၁၆ တပ်ခွဲ ၁ ၊ BDFတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article