30 C
Yangon

သံတောင်ကြီးမြို့နယ်၊ ဗဟန်းကျေးရွာနှင့်ပတ်ဝန်းကျင်ရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ ၊ တချို့သေဆုံးသူများ အလောင်းပင်ရှာမရတော့

Must read

ရန်ကုန်၊ ဧပြီ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဗဟန်းကျေးရွာနှင့်ပတ်ဝန်းကျင်ရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူအများအပြား ထိခိုက်သေဆုံးမှုရှိပြီး တချို့သေဆုံးသူများ အလောင်းပင်ရှာမရတော့ကြောင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သံတောင်ကြီးမြို့နယ်သို့ စစ်တပ်က မြေပြင်မှလည်း စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခြင်းဖြစ်ပြီး အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများကို ဆက်တိုက်ဆိုသလို ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီမှ ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်အထိ စစ်တပ်က လေယာဉ်များဖြင့် သံတောင်ကြီးမြို့နယ်၊ ဗဟန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို လေယာဉ်များဖြင့် ဆက်တိုက်ဆိုသလို ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဗုံးကျဲမှုကြောင့် ပြည်သူများ ဆက်တိုက်ထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ဗဟန်းရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေကို ဒီနေ့ မနက် ၁၀ နာရီကနေ စောစောက ၁ နာရီ ခွဲလောက်အချိန်ထိ၊ ဆက်တိုက်ဆိုသလို စစ်တပ်မှ လေယဉ်နဲ့ဗုံးကျဲ ဝဲပျံပစ်ခဲ့ပါတယ်။ ပြည်သူတွေ သေကျေထိခိုက်ခဲ့တယ်။ တချို့အစအနကိုရှာမရတော့ဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြခဲ့သည်။

ဧပြီလ ၂၄ ရက်နေ့ နေပြည်တော်နှင့်အစပ် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်းရှိ ဘုံတောင်ကျေးရွာကို စစ်ကောင်စီမှ လေယာဉ် ၃ စီးဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးသွားခဲ့သည်။

ဧပြီလ ၂၂ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အောင်ချမ်းသာရွာသစ်ဘုန်းကြီးကျောင်းအတွင်း စခန်းထိုင်တပ်ဆွဲထားသော ခမရ ၄၁၁ ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က နေပြည်တော်နှင့်ကရင်ပြည်နယ်အစပ်၊ သံတောင်မြောက်ပိုင်းဒေသရှိ ကျေးရွာများကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ နေ့စဉ် ကျဲချ တိုက်ခိုက်နေပြီး မြေပြင်မှလည်း အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article