ရန်ကုန်၊ ဧပြီ ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသပြည်သူများက မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်မည်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
ဧပြီလ ၂၉ ရက်နေ့တွင် ဒေသပြည်သူများက “ပြည်သူ့သဘောဆန္ဒမပါသော မြစ်ဆုံရေကာတာစီမံကိန်းကို ချက်ချင်းရပ်ဆိုင်းပါ”၊ “မြစ်ဆုံစီမံကိန်းကို လုံးဝအလိုမရှိ”၊ “ဧရာဝတီမြစ်ကြီး လွတ်လပ်စွာ စီးဆင်းပါစေ” စတဲ့ ကြွေးကြော်သံတွေအပြင် “No Myitsone Dam”၊ “Save Myitsone” နဲ့ “Irrawaddy is Not For Sale” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒေသပြည်သူများသည် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်၊ ဧရာဝတီကို ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ အကြမ်းဖက် စစ်အာဏာရှင်များအနေဖြင့် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးပမ်းနေပြီး ပြည်သူလူထုတစ်ရပ်လုံးက ကန့်ကွက်နေတဲ့ကြားမှ စီမံကိန်းကို ဆက်လက်ဖော်ဆောင်နေခြင်းသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်ကြောင်းနှင့် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို လက်မခံနိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။






