ရန်ကုန်၊ မေ ၉
ချင်းပြည်နယ်၊ တီးတိန်မြို့၊ လိုင်းလုံရပ်ကွက်တွင် လက်နက်ခဲယမ်းတင်ဆောင်လာသည့် စစ်ကား တစ်စီး ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ပြာကျသွားကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၉ ရက် နေ့တွင် တီးတိန်မြို့၊ လိုင်းလုံရပ်ကွက်၌ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက် ခဲယမ်းများဖြစ်သော ကျည်ဆံ၊ ဗုံးသီးများ တင်ဆောင်လာသည့် ဖောလန်ကားတစ်စီး ပေါက်ကွဲမှု ဖြစ် ကာ မီးလောင်သွားပြီး ကားတစ်စီးလုံး ပြာကျသွားကြောင်း၊ ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေး စိတ်အခြေအနေ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
“တီးတိန်မြို့၊ လိုင်လုံးရပ်ကွက်မှာ စစ်တပ်ကား စစ်လက်နက်ပစ္စည်းဖြစ်တဲ့ လက်နက်ခဲယမ်းတွေ သယ်တဲ့ကားပေါက်ကွဲတယ်။ ဘယ်လိုဖြစ်ပြီးပေါက်ကွဲလည်းဆိုတာ မသိရသေးဘူး။ သူ့ဘာသူ သူပေါက်ကွဲတာ ဘယ်လိုဖြစ်တာလဲ မသိရသေးဘူး။” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။





