27 C
Yangon

ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက်တွင် ဒကစ တပ်မှ ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တပ်မှ ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် စစ်သား ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း Kaly UG တပ်ဖွဲ့ သတင်းနှင့် ဆက်သွယ်ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက်တွင် ကလေးမြို့ မြို့ပြပြောက်ကျား UG တပ်ဖွဲ့မှ ရဲဘော်များက နယ်​မြေလုံခြုံရေး ဆောင်ရွက်နေစဥ် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသော အမျိုးသား ၂ ဦးကို တားဆီး စစ်ဆေးစဉ် ၈ မိုင်ကလေးတက္ကသိုလ် ကျောင်းဝန်းတွင် တပ်စွဲထားသည့် စစ်တပ်မှ ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် တပ်သား ၁ ဦး ဖြစ်ကြောင်း UG ရဲဘော်များက စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် တပ်သား ၁ ဦးကို UG ရဲဘော်များက ဖမ်းဆီး ခေါ်ဆောင်ရန် အခြေအနေ မရသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့စဉ် ၂ ဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယင်း ဒုအရာခံဗိုလ် အောင်ကျော်ဇော သည် ကလေးမြို့ ဒကစ ထောက်ပို့တပ်မှ ဖြစ်ပြီး ကလေးတက္ကသိုလ် တွင်တပ်စွဲကာ ဂိတ်ဖွင့်ပြီး ခရီးသွား ပြည်သူများထံမှ ငွေညှစ်ခြင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်ရာတွင် နာမည်ဆိုးများဖြင့် ကျော်ကြားသူ ဖြစ်ကြောင်း သိရှိရသည်။

“အဲကောင်က လက်နက်တော့မပါလာဘူး။ ဖုန်းနဲ့ ဆေးတွေ ငွေသားတချို့ပဲ ရလိုက်တယ်။ ဆိုင်ကယ်က နှိုးမရတော့လို့ မယူခဲ့နိုင်ဘူး။ ဒုအရာခံဗိုလ် အောင်ကျော်ဇောက အတော်ဆိုးတဲ့ကောင်ပါ။ ကျနော်တို့ နောက်ထပ် မြို့တွင်း စစ်ရေးအရှိန်မြှင့် လုပ်ဆောင်တော့မှာပါ။ စစ်တပ် ဒေါက်တိုင်တွေကိုလည်း နာမည်နဲ့ တကွ သူတို့ရဲ့ အချက်လက်တွေ ရထားပြီးပြီမို့ သတိနဲ့နေကြဖို့ ပြင်းပြင်းထန်ထန် သတိပေးချင်ပါတယ်” ဟု Kaly UG တပ်ဖွဲ့ သတင်းနှင့် ဆက်သွယ်ရေး တာဝန်ခံက ပြောဆိုသည်။

ထို့ပြင် မြို့တွင်းနေထိုင်သည့် ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်တပ် အထိုင်ချထားသောနေရာများ၊ စစ်ဆေးရေး ပြုလုပ်နေသည့်နေရာများ၊ စစ်ကားများ နောက်မှ ကပ်လိုက်ခြင်း စသည့်နေရာများကို မလိုအပ်ဘဲ အသွားအလာမပြုလုပ်ကြရန်နှင့် အချိန်မရွေး ပစ်ခတ်မှုများ ဖြစ်ပွားနိုင်သောကြောင့် လိုက်နာပေးကြပါရန် Kaly UG တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) မှ ဒုအရာခံဗိုလ် အောင်ကျော်ဇော

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article