26.2 C
Yangon

ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှု အထပ်မြင့်တိုက်တာများ ယိမ်းထိုးသဖြင့် ပြည်သူများ ဆင်းပြေးကြရ၊ ကျောက်တန်းမြို့ကို ဗဟိုပြု၍ ငလျင်ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိဟု မိုးလေဝသနှင့်ဇလဗေဒက သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၁၈

ရန်ကုန်မြို့တွင် ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန် ငလျင်လှုပ်ခတ်မှု အလွန်သိသာပြီး အထပ်မြင့်တိုက်တာများ ယိမ်းထိုးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီမနက် ငလျင်လှုပ်ခတ်သွားတာက အတော်ကို သိသာတယ်။ အချိန်လည်းကြာတယ်။ ဒီလောက်ကြီး ကြမ်းကြမ်းလှုပ်တာ အတော်ကို လန့်စရာပဲ” ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းလှုပ်ခတ်သော ငလျင်မှာ အလွန်ကြမ်းသောကြောင့် အထပ်မြင့်တိုက်တာများတွင် နေထိုင်သော ပြည်သူများမှာ အထပ်မြင့်တိုက်တာများမှ ပြေးဆင်းလာကြကြောင်း ပြည်သူများက ပြောဆိုသည်။

“ငလျင်အရမ်းကြမ်းတော့ အထပ်မြင့်တိုက်တာတွေအားလုံးပေါ်ကနေ အော်ပြီးတော့ ပြေးဆင်းကြတာ” ဟု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းပြသည်။

ယနေ့ နံနက်ပိုင်း လှုပ်ခတ်သွားသော ငလျင်မှာ ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်၏တောင်ဘက် ၉ မိုင်အကွာကို ဗဟိုပြု၍ ငလျင်ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article