26 C
Yangon

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကလေးသူငယ်များကို အဓမ္မခိုင်းစေပြီး နှိပ်စက်ညှင်းပန်းသည့် မြန်မာဂိုဏ်းမှ မြန်မာ ၃ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၂၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးကို ကုန်ပစ္စည်းများ အဓမ္မလိုက်လံရောင်းချခိုင်းပြီး ရောင်းအားမပြည့်ပါက ရိုက်နှက်ခြင်းနှင့် အစာငတ်ခံ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးကို ကလေးသူငယ်နှင့် အမျိုးသမီးကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

ဘန်ကောက်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး စယမ် ဘွန်ဆွန် (Pol Lt Gen Sayam Boonsom) ၏ ပြောကြားချက်အရ ဘန်ကောက်မြို့၊ စွမ်းလွင် (Suan Luang) ခရိုင်ရှိ နေအိမ်တစ်ခုတွင် ခြေထောက်ကျိုးနေသည့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရဲတပ်ဖွဲ့က သွားရောက်ကယ်တင်နိုင်ခဲ့ပြီးနောက် အဆိုပါနေအိမ်၌ရှိနေသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ကလေးသူငယ်လုပ်အားခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှု စသည့်စွဲချက်များဖြင့် ယနေ့ မေလ ၂၇ ရက်နေ့ တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆေးစီးနင်းမှုအတွင်း ၎င်းနေအိမ်အတွင်းမှ အခြားသော ကလေးငယ် ၅ ဦးကိုလည်း ထပ်မံကယ်တင်နိုင်ခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ ဖမ်းဆီးခံရသူများသည် ကလေးငယ်များကို အသုံးချကာ နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုနေရာများတွင် ပန်းများနှင့် မုန့်များကို လိုက်လံရောင်းချခိုင်းခဲ့ကြောင်း သိရသည်။

အကယ်၍ ကလေးငယ်များအနေဖြင့် သတ်မှတ်ထားသည့် ရောင်းအားပန်းတိုင်ကို မပြည့်မီပါက သံသယရှိသူ မြန်မာဂိုဏ်းဝင်များက ကလေးငယ်များကို ရိုက်နှက်ခြင်းနှင့် အစာငတ်ခံကာ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရဲတပ်ဖွဲ့၏ ထပ်မံထုတ်ပြန်ချက်အရ ယခုဖြစ်စဉ်တွင် လူကုန်ကူးခံရပြီး ခေါင်းပုံဖြတ်ခံရသည့် ကလေးငယ်များမှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစု အုပ်စုများမှ ဖြစ်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article