29 C
Yangon

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှ အသက် ၄၇ နှစ်အရွယ် ဆိုက်ကားနင်းသူ ဦးမြင့်ဆိုင်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး အသက် ၃၅ နှစ်အဖြစ် မှတ်ပုံတင်အသစ် ထုတ်ပေးကာ ရမည်းသင်း စစ်သင်တန်းကျောင်းသို့ပို့ဆောင်မှု ဇနီး ဒေါ်ခင်စိုးရီက အကူအညီတောင်းခံ

Must read

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဆိုက္ကားနင်းသူ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး အသက် ၃၅ နှစ် မှတ်ပုံတင် အသစ်ထုတ်ပေးကာ ရမည်းသင်းမြို့ရှိ စစ်သင်တန်းသို့ ပို့ဆောင်လိုက် ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီက လူမှုကွန်ရက်ဗီဒီယိုမှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

မတ် ၁၆ ရက်နေ့ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်သည် မိသားစု စားဝတ်နေရေးအတွက် ရန်ကုန်မြို့၊ တာမွေ မြိုနယ်၌ ဆိုက်က္ကားနင်းနေစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ၂ လခန့်အကြာ အဆက်အသွယ်ပြတ် တောက်သွားပြီးနောက် မေလ ၁၀ ရက်နေ့တွင် အသွယ်ပြန်ရခဲ့ကြောင်း၊ ထိုသို့ အဆက်အသွယ် ပြန်လည်ရရှိမှုကြောင့် ၎င်းမှာ ရမည်းသင်းမြို့နယ်၊ အမှတ် ၃ စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းခွဲ ၁ တွင် စစ်သင်တန်း တက်ရောက်နေရသည်ကို သိရှိရပြီး မေလ ၃၁ ရက်နေ့တွင် ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီနှင့် ဆရာတော် ဦးဇောတိ တို့က သွား ရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ဦးမြင့်ဆိုင် ယခင်ကိုင်ဆောင်ထားသော မှတ်ပုံတင်ကို စစ်တပ်က သိမ်းယူ ဖျက်ဆီးလိုက်ပြီး မှတ်ပုံ တင် နံပါတ်အသစ်၊ မွေးသက္ကရာဇ်အသစ် ပြောင်းလဲပြုလုပ်ပေးကာ အသက် ၃၅ နှစ်အဖြစ်သို့ ပြောင်းလဲကာ စစ်သင်တန်းကျောင်းပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း၊ ဦးမြင့်ဆိုင်သည် မကွေးတိုင်း ၊ ရေနံချောင်းမြိုနယ် ၊ နဂါးကျေးရွာအုပ်စု နဂါးကျေးရွာဇာတိဖြစ်ကြောင်း သိရှိရသည်။

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သင်တန်းတက်ရောက်နေရသူ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်တွင် ကျန်းမာရေး မကောင်းသည့် ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီအပြင် သားသမီး ၃ ဦး ရှိကြောင်း သိရသည်။

စစ်တပ်က မြို့ပြကျေးရွာများတွင် လူငယ်များ၊ လက်လုပ်လက်စား သာမန်လူတန်းစားမိသားစုများမှ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းပေး၍ ရှေ့တန်းသို့ ပို့ဆောင်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုလျက်ရှိ ကြောင်း အလင်းဝင်လာသူ စစ်မှုထမ်းတပ်သားများက ပြောဆိုကြသည်။

ဓာတ်ပုံ- ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီနှင့် ဦးမြင့်ဆိုင်၏မှတ်ပုံတင် ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article