29 C
Yangon

ထိုင်းတွင် အသက် ၃ လအရွယ် ခွေးမလေး ၁ ကောင်ကို လူက အဓမ္မပြုကျင့်ပြီး စွန့်ပစ်ထားမှု မြန်မာတိရိစ္ဆာန်ချစ်သူများက ကယ်တင်ဆေးကုသပေးထား

Must read

ရန်ကုန်၊ ဇွန် ၃

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် အသက် ၃ လခန့်သာရှိသေးသည့် ခွေးပေါက်အမလေး ၁ ကောင်ကို လူက အဓမ္မပြုကျင့်ပြီးနောက် စွန့်ပစ်ခဲ့သည့် ဖြစ်စဉ်ပွားခဲ့ပြီး ခွေးကလေးမှာ ခွဲစိတ်ကုသမှုခံယူထားရကြောင်း တိရစ္ဆာန်ကယ်ဆယ်ရေးနဲ့ မြန်မာအမျိုးသမီးအရေး ကူညီပေးနေသူ မဇာဇာက ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မဲဆောက်မြို့ရှိ တိုက်ခန်းတစ်ခု၏ အရှေ့ရှိ အမှိုက်ပုံးများထားသော နေရာတစ်ခုတွင် ခွေးပေါက်အမလေး ၁ ကောင် အော့အန်ခွေလိပ်ကာ မလှုပ်မယှက်နိုင်ဘဲ အမှိုက်ပုံးများဘေးတွင် လာရောက်ပစ်ထားသည်ကို တွေ့ရှိခဲ့ရ၍ တိုက်ခန်းနေ တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူများက သွားရောက်ကူညီရာမှ မျိုးပွားအင်္ဂါအစိတ်အပိုင်းများ ပြင်းထန် ထိခိုက်ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခွေးပေါက်အမလေးကို တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ကနဦးတွင် ယာဉ်တိုက်မှုကြောင့် အူကျွံကျလာသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း မဲဆောက်မြို့ရှိ မြန်မာတိရစ္ဆာန်ဆရာဝန်နှင့် ထိုင်းတိရစ္ဆာန်ဆေးခန်းများသို့ အဆင့်ဆင့် သွားရောက်ပြသ စစ်ဆေးခဲ့ရာတွင် လူက တမင်တကာ အဓမ္မပြုကျင့်ထားခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန်ဆရာဝန်များ၏ စစ်ဆေးချက်အရ ပုံမှန်အားဖြင့် အဆိုပါခွေးပေါက်အမလေး၏ အင်္ဂါအစိတ်အပိုင်းအတွင်းသို့ ခဲတံတစ်ချောင်းတောင် ထည့်သွင်းရန် မလွယ်ကူသော်လည်း လက်ရှိချိန်တွင် သားအိမ်ပြောင်းပြန်လှန်ပြီး အပြင်သို့ ထွက်ကျနေသည့်အပြင် အတွင်းရှိ ညှပ်ရိုးပါ ကျယ်ထွက်သွားသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ ခွေးပေါက်မလေးကို တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ မဇာဇာနှင့် အစ်မဖြစ်သူတို့က ဆေးခန်းပြကာ ဆေးကုသပေးထားပြီး ယနေ့ မေလ ၃ ရက်နေ့ ညနေပိုင်းတွင် ခွေးလေး၏ ကျန်းမာရေး အခြေနေကို ဆက်လက် သိရှိရမည်ဖြစ်ပြီး အစာစာစားခြင်း၊ ဆီး၊ ဝမ်းအခြေနေများ ကိုလည်း ဆက်လက်စောင့်ကြည့်ပြီးမှသာ ဆေးရုံက ဆင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

“ထိုင်းနိုင်ငံ မဲဆောက် ဘန့်ဆောင်ခွဲ ရပ်ကွက်မှာပါ။ ခွေးကလေးက ပုံထဲမှာပါတဲ့အတိုင်း အိမ်ရှေ့မှာ အမှိုက်ပုံးတွေထားတဲ့ နေရာဘက်မှာ လာပစ်ထားတာ။ ကျမတို့အစ်မတွေနေတဲ့ တိုက်ခန်းကကြတော့ ၃ ထပ်တိုက်ကို ၈ ခန်းလောက်ရှိမယ်။ သူက အဝေးပြေးလမ်းမကြီးပေါ်မှာရှိတယ် အဲ့လမ်းမကြီးရဲ့ ဟိုဘက်မှာကြတော့ လူနေရပ်ကွက်တွေရှိတယ်။ ကျူးလွန်သူ ဘယ်သူလဲတော့ မသိရဘူး။ ကျန်းမာရေး အခြေအနေက ဒီညနေ ကျွန်မတို့ဆေးခန်းသွားမှသေချာသိရမယ်ရှင် ဟိုနေ့က ခွဲစိတ်ပြီး ဆေးခန်းမှာ တစ်ရက် နှစ်ရက် အခြေအနေစောင့်ကြည့်ပြီးမှ အိမ်ပြန်ခေါ်ရမယ်လို့ ပြောထားတယ်။ ဟိုတစ်နေ့က ကျမ ဘောင်ချာမှာရှင်းပေးထားရသလောက်တော့ ၃ ရက်နေ့အထိ ဆေးဖိုးတွေဘာတွေတော့ အပြီးယူထားတော့ ဒီနေ့ ညနေ့တော့ ခွေးလေးအခြေနေတော့ သိရမယ်။ ခွဲစိတ်ပြီးချင်းတော့ ခွေးလေးရဲ့ ဆီး၊ ဝမ်း၊ အစာစားတာတို့ ပုံမှန်အခြေနေရှိမရှိကိုတော့ စောင့်ကြည့်အုံးမယ် စောင့်ကြည့်ပြီးမှပဲ လိုအပ်သေးလား ဆေးရုံက ဆင်းလို့ရပြီလား ဆိုတာ အခြေနေကို သုံးသပ်ပြီးမှပဲ ပြန်ဆက်သွယ်မယ်လို့ပြောတယ်” ဟု တိရစ္ဆာန်ကယ်ဆယ်ရေးနဲ့ မြန်မာအမျိုးသမီးအရေး ကူညီပေးနေသူ မဇာဇာက ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါပတ်ဝန်းကျင်၌ CCTV ကင်မရာများ မရှိခြင်းနှင့် အနီးအနားရှိ ထိုင်းကုန်စုံဆိုင်မှ CCTV ကို သွားရောက်ကြည့်ရန်နှင့် ထိုင်းရဲကို တိုင်းကြားရာတွင်လည်း ဘာသာစကားအခက်အခဲရှိနေခြင်းတို့ကြောင့် ကျူးလွန်သူကို ရှာဖွေရန် ခက်ခဲနေပြီး နောင်တွင် ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြား တိုင်ကြားရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာဘက်က တိဆရာဝန်နဲ့ ထိုင်းဘက်က တိ ဆရာဝန်က ခွေးကလေးရဲ့ မိန်းမကိုယ် အင်္ဂါကို သေချာ စစ်ဆေးပြီးမှ အတည်ပြုပြောတာဖြစ်တယ်။ ကျွန်မလည်း မဲဆောက်မှာ ကလေးတွေကို ကူညီစောင့်ရှောင်ပေးနေတာ အနှစ် ၂၀ လောက်ရှိပြီ ဒီလိုမျိုး လူက ခွေးကို ပြုကျင့်တယ်လို့ တခါမှာ မကြုံဘူးဖူး။ အဓိကတော့ ကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ ဒီလိုမျိုးအပြုမှုလေးတွေ ကွယ်ပျောက်အတွက် လူတွေအများဆုံးက ဒါကို ဝိုင်းရံပေးရန်နဲ့ ဒီလိုမျိုး အခြေအနေ ပပျောက်ဖို့အတွက် ခွေးပေါက်လေးတွေဖြစ်ဖြစ် ပြုကျင့်မယ်ဆို ဥပဒေအရ အရေးယူလို့ရနိုင်တဲ့ အခြေနေရှိတာမို့လို့ အရွယ်ရောက်ပြီးသားဆို ပြန်ကိုက်မျိုးရှိနိုင်ပေမယ့် ပါပီလေးတွေ အရွယ်ကျတော့ ဘာမှကိုပြန်မတုန်ပြန်တော့ ဒီလိုမျိုး ပစ်မှုကျူးလွန်တာတော့ တော်တော်ဆိုးဝါးတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။ ဒီလိုအခြေမျိုးကို လူတွေရဲ့ ပတ်ဝန်းကျင်မျိုးမှာ အကုန်လုံး သတိထားပြီးတော့ ဒီလိုမျိုးအရာတွေ ပပျောက်ဖို့ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးဖို့ ပြောချင်ပါတယ်” ဟု တိရစ္ဆာန်ကယ်ဆယ်ရေးနဲ့ မြန်မာအမျိုးသမီးအရေး ကူညီပေးနေသူ မဇာဇာ က ဆက်လက်ပြောဆိုသည်။

ထိုခွေးပေါက်အမလေး၏ အမဲရောင်ခွေးလေးဖြစ်ပြီး ဆေးခန်းတွင် “အဒမ်း” ဟု အမည်ပေးထားပြီး အရေးပေါ် ခွဲစိတ်ကုသစရိတ်များအတွက် တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် မဇာဇာနှင့် တိရစ္ဆာန်ချစ်မြတ်နိုးသူများက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးနေကြကြောင်း၊ လူ့ပတ်ဝန်းကျင်အတွင်း တိရစ္ဆာန်များအပေါ် ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ရာ တဏှာရူးသွပ်ပြီး ယုတ်မာရက်စက်တတ်သည့် အပြုအမူများအပေါ် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်သူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article