26.2 C
Yangon

မင်းတပ်မြို့နယ်၊ ထင်းချောင်းကျေးရွာတွင် စစ်တပ်က အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသား ၁ ဦးအပါ အဝင် ပြည်သူ ၂ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်က အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားတစ်ဦးအပါအဝင် ပြည်သူ ၂ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး နေ့အိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Mindat Township IDPs Camp Management Committee မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြးသည်။

မေလ ၃၀ ရက်နေ့ ဆောမြို့နယ်၊ ကျောက်ထုမြို့အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်မှ မင်း တပ်မြို့ဘက်သို့ တက်လာသော စစ်သား၊ ပြည်သူ့စစ်ပူးပေါင်းကြောင်းက မင်းတပ်မြို့နယ် ထင် ချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားတစ်ဦးနှင့် အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးတို့ကို ကျေးရွာထိပ်တွင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့‌ခြင်းဖြစ်သည်။

ထို့အပြင် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းစစ်တပ် စစ် ကြောင်းကြောင့် ကျေးရွာနေပြည်သူများမှာ တောတောင်များထဲသို့ ထွက်ပြေးကာ စစ်ဘေး ရှောင် နေကြရကြောင်း သိရသည်။

“ကျနော်တို့လည်း အသတ်ခံရတာတော့ ကြားတယ်။ အသတ်ခံရတဲ့လူငယ်ကတော့ ကျနော့်သူငယ် ချင်းရဲ့ ညီလေးပါ။ ဘယ်လိုအသတ်ခံရလည်းဆိုတာတော့ သေချာ မသိရသေးဘူး။ ပုံတက်လာမှ အသတ်ခံ ရမှန်းသိတာထင်တယ်။” ဟု Mindat Township IDPs Camp Management Committee မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က မင်းတပ်မြို့နယ်အတွင်းသို့ ဖြတ်လေးဖြတ်စနစ်ကို အသုံးပြုကာ အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ မေလ ၃၀ ရက်နေ့တွင် မင်းတပ်မြို့နယ်အတွင်းရှိ ထင်ချောင်းကျေး ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

လက်ရှိအချိန်အထိ မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ဝန်းကျင်အထိ ရှိလာကြောင်း၊ စစ် အာဏာသိမ်းပြီးချိန်မှစ၍ မင်းတပ်မြို့နယ်အတွင်း သေဆုံးသူ အရပ်သား ၇၆၆ ဦးအထိ ရှိခဲ့ရာ အဆိုပါသေဆုံးမှုများတွင် စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် ဆေးဝါးပြတ်လပ်ပြီး နာတာရှည် ရောဂါနှင့် လေဖြတ်ဝေဒနာ ခံစားရသူ ၄၀၀ ကျော် ပါဝင်နေကြောင်း သိရှိရသည်။

ထို့ပြင် ဖျားနာခြင်း၊ အစာအိမ်နှင့် ဖောရောင်ဝေဒနာများကြောင့် သေဆုံးသူ ၁၀၀ ကျော်၊ မွေးကင်းစနှင့် ၃ လအောက် ကလေးငယ် သေဆုံးမှု ၁၄ ဦးနှင့် မီးတွင်းသေဆုံးသူ ၁၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က လတ်တလော ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့တို့ကို ပြန်လည်ထိန်း ချုပ်ပြီးနောက်၊ ချင်းပြည်တောင်ပိုင်းကိုပါ ယောဒေသဘက်မှတစ်ဆင့် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အပြင်၊ လေကြောင်းလိုင်းကို အသုံးပြု၍ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

ဓာတ်ပုံ- စစ်တပ်က ၂၀၂၀၄ ခုနှစ်အတွင်း မင်းတပ်မြို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ်။

Photo- HKL-Mindat။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article