25.2 C
Yangon

မိတ္ထီလာမြို့ အမှတ် ၁ တပ်မတော်ဆေးရုံ (ခုတင် ၅၀၀) မှ ဗိုလ်ကြီး ဘိုဘိုကို တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိပြီးနောက် မကွေးတိုင်းစစ်ဌာနထံ လွှဲပြောင်း

Must read

ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁ တပ်မတော်ဆေးရုံ (ခုတင် ၅၀၀) မှ စစ်ဆေး ဗိုလ်ကြီး ဘိုဘိုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့ပြီးနောက် မကွေးတိုင်းစစ်ဌာနထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ayar Daung) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ မိတ္ထီလာမြို့ အမှတ် ၁ တပ်မတော်ဆေးရုံ (ခုတင် ၅၀၀) မှ ဆေးဗိုလ်ကြီး ဘိုဘိုကို ချောက်-ဆိပ်ဖြူ လမ်းပိုင်းတွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် ဧရာဒေါင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် မေလ ၈ ရက်နေ့တွင် အဆိုပါစစ်သုံ့ပန်း ဗိုလ်ကြီးကို မကွေးတိုင်းစစ်ဌာနထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လွှဲပြောင်းပြီးနောက် အဆိုပါစစ်သုံ့ပန်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘေးကင်းလုံခြုံရေး တာဝန်ယူခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မကွေးတိုင်းစစ်ဌာနမှ အပြည့်အဝ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

Ayar Daung အဖွဲ့မှ တာဝန်ရှိသူက “ဗိုလ်ကြီး ဘိုဘို မတ်လ ၁ ရက်နေ့ ချောက်-ဆိပ်ဖြူလမ်းပိုင်းမှာ ရှောင်တခင်စစ်ဆေးရင်း ဖမ်းဆီးရမိခဲ့တာ။ လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရမိတာမျိုးမရှိဘူး။ ကား၁ စီး ပဲပါတယ်။ သူက မိထ္တီလာ ကုတင် ၅၀၀ ကဆေးဗိုလ် သုံးပွင့်နဲ့” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီဆေးဗိုလ်ကြီးကိုမကွေးတိုင်းစစ်ဌာနက ဆက် လက်ထိန်းသိမ်းကာ လိုအပ်သည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article