25.8 C
Yangon

ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းတိုက်ပွဲတွင် ခမရ ၅၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးထွေး သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရကာ စစ်သား ၂၀ နီးပါး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီး စိုးထွေး သေုဆံးပြီး စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံလိုက်ရကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့‌ ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း၌ ခမရ ၅၃၇ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး စိုးထွေးအပါအဝင် အရာရှိ ၂ ဦး၊ အခြားအဆင့် ၁၈ ဦးခန့် ပါ စစ်ကြောင်းသည် အာရက္ခတပ်တော် AA၏ သတ်ကွင်းအတွင်းဝင်ရောက်သွားပြီး ဒုတိယဗိုလ်မှူးကြီး စိုးထွေးမှာ စနိုက်ပါထိမှန်သေဆုံးသွားကာ ကျန်စစ်သားများမှာလည်း အာရက္ခတပ်တော်၏ ပိတ်ဆို့ချေမှုန်း ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက က သူတင်မဟုတ်ဘူး။ စစ်ကြောင်းတစ်ခုလုံးဆိုတော့ ၂+၁၈ လောက် တော့ရှိတယ်။ တချို့က စနိုက်ပါနဲ့လို့တော့ ပြောတယ်။ ဒါပေမယ့် အယောက် ၂၀ လုံးကတော့ စနိုက်ပါနဲ့ မဖြစ်နိုင် ဘူး။ သူကတော့ စနိုက်ပါနဲ့ဖြစ်ချင်ဖြစ်မယ်။ အာရက္ခတပ်တော်ရဲ့ သတ်ကွင်းထဲကို ရောက်သွားတာ ဖြစ်မယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အာရက္ခတပ်က ဟိုအရင်တုန်း က လည်း အဲဒီလိုပဲ ခေါင်ထိ အကုန်စားပုံစံမျိုးနဲ့ တပ်ရင်းမှူး ၊ ဒုရင်းမှူး၊ တပ်ခွဲမှူး ဒါတွေကို သေသေချာ ချာ စနစ်တကျ ထောက် လှမ်းပြီးတော့ တိုက်ခိုက်လေ့ရှိတယ်။ ကျောက်ဖြူ တောင်မော်ဦးဖြစ်စဉ်ပဲ၊ ဖြစ်နိုင်တာကတော့ စရခ ၅ မှာ ပျက်သွားတဲ့တပ်တွေကို ပြန်ဖွဲ့တဲ့ထားတဲ့အတွက် စရခ ၅ လက်အောက်ခံ တပ်တစ်တပ် ဖြစ်မယ်လို့ ယူဆတယ်။ အာရက္ခတပ်က တိုက်ပွဲပြင်းထန် ပြီဆိုရင် ထိပ်ပိုင်းလူတွေကိုပဲ စစ်ဦးကျိုး သွားအောင် လုပ်လေ့ရှိတယ်။ သူ့အတွက်ကတော့ ကံဆိုး တာပေါ့၊ ဥစတ လည်းမတက်ရတဲ့အပြင် ဒီအာရက္ခတပ်တော်ရဲ့ စစ်ကြောင်းလိုက်ချေမှုန်းခံ လိုက်ရ တဲ့အနေအထားမျိုးဆိုတော့ သူသူတော်တော်ကံဆိုးတယ်လို့ပဲ ပြောရမှာပဲ။” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော ဒုဗိုလ်မှူးကြီး စိုးထွေးသည် စစ်တက္ကသိုလ် – DSA သင်တန်း အပတ်စဉ် ၄၇ ကျောင်းဆင်းဖြစ်ပြီး ၎င်းတို့အပတ်စဉ်မှာ ကလောတွင် စစ်ဦးစီးတက္ကသိုလ် မွမ်းမံသင်တန်း တက် ရောက်နေကြောင်း၊ ဒုဗိုလ်မှူးကြီး စိုးထွေးမှာ ရခိုင်စစ်မျက်နှာသို့ ရောက်ရှိနေသဖြင့် စစ်ဦးစီး တက္ကသိုလ် မွမ်းမံသင်တန်းတက်ရောက်ခွင့်မရဘဲ ကံဆိုးစွာ ကျန်ရှိနေသူဖြစ်ကြောင်း သိရသည်။

မေလ နှောင်းပိုင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို သိမ်းပိုက်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးကာ အလောင်းများနှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article