26.7 C
Yangon

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၁၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း ၀က်လက်မြို့နယ် သပိတ်ကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် တရားမျှတမှု ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် လူထု၏ စည်းလုံးညီညွတ်မှုနှင့် ယခုအချိန် ရုန်းကန် တိုက်ပွဲ၀င်နိုင်စွမ်းကို ဖော်ထုတ်ပြသရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲကို ၀က်လက်သပိတ်ကော်မတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြိုင်ပွဲကို ကျေးရွာပေါင်း ၃၀ မှ ပြိုင်ပွဲ၀င် စုစုပေါင်း ၂၀၀ ကျော် တက်ကြွစွာ ပါ၀င်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲ လမ်းတစ်လျှောက်ရှိ ပြည်သူများမှ လည်း ပြိုင်ပွဲ၀င်များကို စည်းကားစွာ အားပေးဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးဆိုင်ရာ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” လူထုလှုပ်ရှားမှုကြီးကို ပြုလုပ်မည်ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article