26.2 C
Yangon

ပေါက်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်နှင့် ဒရုန်းများဖြင့် ဆက် တိုက်ဗုံးကျဲမှု စစ်ဘေးရှောင် ၁ ဦး ဒဏ်ရာရပြီး ဗုဒ္ဓဘာသာ ဘာသာရေး အဆောက်အအုံများ ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၃၀

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် တိုက် ပွဲ ဖြစ်ပွားခြင်းမရှိသည့် အခြေအနေ၌ စစ်ကောင်စီတပ်က ဂျိုင်ရိုကော့ပတာ (Gyrocopter)၊ ပါရာမော်တာ (Paramotor) နှင့် အသေခံဒရုန်း (Suicide Drone) များ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၆ ရက်နေ့၊ ဇွန်လ ၂၈ ရက်နေ့နှင့် ဇွန်လ ၂၉ ရက်နေ့တို့တွင် စစ်တပ်က ပုဂံ-ညောင်ဦးလေဆိပ်မှ တက်လာသည့် ဂျိုင်ရိုကော့ပတာ ၃ စီးကို အသုံးပြု၍ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ကျေးရွာများအတွင်းရှိ ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်တွင် ပေါက်မြို့ဘက်မှ ပျံသန်းလာသည့် အသေခံဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် အသက် ၃၉ နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင်လည်း ဇွန်လ ၂၈ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဆိပ်ဖြူအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ တက်လာသည့် ပါရာမော်တာ ၂ စီးက ဆိပ်ဖြူမြို့နယ်အတွင်းရှိ နေရာတစ်ခုကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့သော်လည်း ဒေသခံများအကြား လေကြောင်းအန္တရာယ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဗုံး ၃ လုံး ကြဲချသွားတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ နေအိမ်ပျက်စီးတာတော့ မရှိဘူးလို့ သိရတယ်။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့ လိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့အပြင် ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်သည် ရှလကျေးရွာနှင့် ကျွန်းတောကျေးရွာတို့ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရှလကျေးရွာမှ ပြည်သူ ၄ ဦးနှင့် ကျွန်းတောကျေးရွာမှ ပြည်သူ ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အခြားပြည်သူ ၃ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့၌ စစ်ကောင်စီတပ်က ဂျိုင်ရိုကော့ပတာ၊ ပါရာမော်တာနှင့် အသေခံဒရုန်းများကဲ့သို့ နည်းပညာနိမ့် လေကြောင်းပစ်ခတ်ရေးစနစ်များကို အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများနှင့် ဘာသာရေးအဆောက်အအုံများကိုပါ ဆက်တိုက်တိုက်ခိုက်နေကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကြောင်းလှုပ်ရှားမှုများနှင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြု ၍ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ်များကို ကြိုတင်ပြင်ဆင်ထားကြရန် ဒေသခံများနှင့် သက် ဆိုင် ရာတာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article