26.6 C
Yangon

ရန်ကုန်-ပြည် လမ်းရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် ရိုးမပေါ်နှင့် တောင်ခြေရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၊ မင်းလှမြို့ပေါ်တွင်လည်း လုံခြုံရေး အပြည့်ချထား

Must read

ရန်ကုန်၊ ဇူလိုင် ၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် ရိုးမပေါ်နှင့် တောင်ခြေရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး မင်းလှမြို့ပေါ်တွင်လည်း လုံခြုံရေး အပြည့်ချထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်မှ စတင်ပြီး မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းဘေးရှိ အညာတန်းရွာ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မင်းလှမြို့ပေါ်တွင် ကျေးရွာများမှ ဈေးလာရောက် ဝယ်ယူသူများပင် မရှိတော့ဘဲ တစ်မြို့လုံး တိတ်ဆိတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း ယနေ့ နံနက်ပိုင်းမှ စတင်ကာ မင်းလှမြို့ ရဲစခန်းရှေ့မှ လမ်းပိုင်းကို ပိတ်ချလိုက်ပြီး မြို့ပေါ်တွင် လုံခြုံရေး တင်းကြပ်စွာချထားကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က မင်းလှမြို့ပေါ်တွင်လည်း လက်ရှိချိန်တွင် အင်အားစုဖွဲ့နေပြီး ရိုးမပေါ်နှင့် တောင်ခြေရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း၊ မုက္ခာရွာအနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့်သရော်ကုန်ရွာတွင်လည်း အရပ်ဝတ်ဖြင့် စစ်သားများ လှည့်လည်သွားလာနေကြောင်း သိရသည်။

“မနက်ကတိုက်ပွဲကြောင့် မင်းလှမြို့ပေါ်မှာ စစ်ခွေးတွေ ကင်းပုန်းဝပ်နေပြီး ရိုးမပေါ်နဲ့တောင်ခြေရွာတွေကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေ မုက္ခာရွာအနီးတဝိုက်မှာလည်း စစ်ခွေးကင်းပုန်းရှိနေသလို သရော်ကုန်ရွာမှာလည်း အရပ်ဝတ်အသွင်ယူထားတဲ့ စစ်ခွေးတွေရှိနေတယ်။ အခုထိလည်း မင်းလှမြို့ရဲစခန်းရှေ့ကို ပိတ်ထားတုန်းပဲ တာစုံလမ်းမှာလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေး ချထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article