24.9 C
Yangon

ထန်းတပင်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို နားကပ်လု၊ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော တရားခံရဲဝင်းပိုင်ကို ထွက်ပြေးသည်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်

Must read

ရန်ကုန်၊ ဇူလိုင် ၈

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မသော်တာဆိုင်ဆိုသော မိန်းက လေးငယ်ကို နားကပ်လုပြီး မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော တရားခံရဲဝင်းပိုင်ကို ထွက် ပြေးသည်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်း အသက် ၅ နှစ်အရွယ် မသော်တာဆိုင်သည် ကျောင်းသွားရန် ပြင်ဆင်ပြီးနောက် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီး ယင်းနောက် ယင်းနေ့ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ ဦးကံမြင့်လမ်းဘေးရှိ အမှိုက်ပုံအတွင်း ခြုံစောင်နှင့် ဆာလာအိတ်ဖြင့် ထုပ်ပိုးစွန့်ပစ်ထားသည့် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ကလေးငယ်မှာ ဓမ္မတာ ဆန့်ကျင်သော အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိခဲ့ရသည့်အပြင် ကိုယ်ခန္ဓာတစ် လျှောက် အညိုအမည်းဒဏ်ရာများ ရှိနေကြောင်း၊ ဝတ်ဆင်ထားသည့် ရွှေနားကပ်များကို အတင်းဆွဲဖြုတ်ယူသွားသဖြင့် နားပေါက် ပြုတ်ထွက်လုနီးပါး ဒဏ်ရာများလည်း ရရှိထားကြောင်း သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့ အဆိုပါဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူကို ပဲခူးတိုင်း၊ နတ်တလင်းမြို့တွင် ဖမ်းဆီးရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံ ရဲဝင်းပိုင်ကလည်း ကလေးငယ်ကို သတ် ဖြတ်အဓမ္မပြုကျင့်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း၊ တရားခံရဲဝင်းပိုင်သည် ဧရာဝတီ တိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဖိုကျေးရွာဇာတိဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၇ ရက်နေ့ တရားခံ ရဲဝင်းပိုင်ကို အခင်းဖြစ်ပွားရာ နေရာသို့ ခေါ်ဆောင်ပြီး ပြစ်မှုကျူးလွန်ခဲ့ပုံကို သရုပ်ပြခိုင်းခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစားများကို ဖွက်ထားခဲ့သည့် ထန်းတပင်မြိုနယ်၊ သပြေခြံကျေးရွာ၊ မင်းထက်မင်းဆိပ်ကမ်းသွားသည့်လမ်း တောစပ်နေရာသို့ လိုက်လံ ပြသခိုင်းစဉ် ထွက်ပြေးသည်ဟုဆိုကာ ရဲတပ် သား နိုင်လင်းထက်က တရားခံ ရဲဝင်းပိုင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ယခုအခါ ပြစ်မှုကျူးလွန်သူ တရားခံ ရဲဝင်းပိုင်မှာ သေဆုံးသွားသော်လည်း အမှုကို ဆက် လက်တည်ဆောက်ကာ တရားရုံးတင်၍ အမှုကို ဆက်လက် တရားစွဲဆိုသွားမည်ဖြစ် ကြောင်း သိရှိရသည်။

“တရားခံ သေဆုံးသွားပေမယ့် အမှုကို ဆက်လက် တည်ဆောက်ပြီး တရားရုံးတင်ပြီး အမိန့်ချမှတ်တာတွေက ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article